ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ရန်ကုန်တွင်ဖွင့်လှစ်ပို့ချသည့် နွေရာသီ ကျောင်းပိတ်ရက် (၁) လသင်တန်းဖြစ်သည့် မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြား ပေးသော ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀) နာရီတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးများ၊ မသန်စွမ်းသင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သူများက အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံသားများခံစားခွင့်ရှိသော လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူ အားလုံးတန်းတူညီမျှ အပြည့်အဝရရှိစေရန်ရည်ရွယ်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူများ ကျန်းမာရေး၊  ပညာရေး အပါအဝင်နယ်ပယ်စုံတွင် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပေးနေပါကြောင်း၊ ၂၀၁၉ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ (၁၂.၈) ရာခိုင်နှုန်းဖြစ်သော (၅.၉၆၈) သန်းသည် မသန်စွမ်းသူများဖြစ်ပြီး ၎င်းတို့အနက် မှတ်ဉာဏ်/ သင်ယူလေ့လာမှုခက်ခဲသူ (၂.၀၆၄)သန်း၊ မိမိကိုယ်ကို စောင့်ရှောက်နိုင်မှုခက်ခဲသူ (၀.၈၉၅) သန်း၊ အခြားသူ များနှင့်ဆက်သွယ်မှုခက်ခဲသူ (၀.၇၂၃) သန်း၊ စုစုပေါင်း (၃.၆၈၂)သန်းသည် လက်ရှိဥပဒေ၊ နည်းဥပဒေများအရ ဉာဏ်ရည်မသန်စွမ်းမှုအုပ်စုတွင် သတ်မှတ်ထည့်သွင်းနိုင်ပါကြောင်း၊ ထို့ပြင်  အသက် (၅-၁၈)နှစ် အကြားဉာဏ်ရည်မသန်စွမ်းမှု အုပ်စုထဲတွင်ပါသော ကလေးအရေအတွက်သည် (၀.၅၈၅)သန်း ရှိနေပါကြောင်း၊ ၎င်းအရေအတွက်သည် ဉာဏ်ရည်မသန်စွမ်းသူ စုစုပေါင်း၏ (၁၆) ရာခိုင်နှုန်းခန့်ရှိပြီး မိမိတို့အနေဖြင့် ဂရုပြုဆောင်ရွက်ရမည့်ပမာဏဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးလိုအပ်ချက်ရှိသော ကလေးများကို လေ့ကျင့် သင်ကြားပေးရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (၂)ကျောင်းကို ဖွင့်လှစ်ထားပါကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်မသန်စွမ်းကလေးများ၏ ဖွံ့ဖြိုးမှုနယ်ပယ်(၅)ရပ်ဖြစ်သော ရုပ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း ၊ ဘာသာစကားနှင့် ဆက်သွယ်မှုပိုင်း၊   စိတ်ခံစားမှုပိုင်း၊  လူမှုဆက်ဆံရေးပိုင်းများကို လေ့ကျင့်သင်ကြား ပေးသည့်အပြင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ကလေးများ ကိုယ်တိုင် လုပ်ကိုင်တတ်စေရန်  သင်ကြားပေးလျက် ရှိပါကြောင်း၊ အထူးလိုအပ်ချက်ရှိသော ကလေးများကို လေ့ကျင့်သင်ကြား ပေးနေသော ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် အရည်အသွေးများသည် အမှန်တကယ် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အရည်အသွေးများရရှိစေရန်၊ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ယနေ့ဖွင့်လှစ်သော သင်တန်းသည် အမှန်တကယ် အကျိုးရှိပါကြောင်း၊ ယခုနွေရာသီ ကျောင်းပိတ်ရက် (၁)လသင်တန်းသည်  မိမိတို့ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်များကို အောင်မြင်စေရန် ဆောင်ရွက်သင့်တဲ့ သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊  မသန်စွမ်းကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို တာဝန်ယူဆောင်ရွက် ပေးနေကြသော ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအနေ ဖြင့် ယခုသင်တန်းကို အခွင့်အရေးတစ်ရပ်ကဲ့သို့ တန်ဖိုးထားမှတ်ယူပြီး ကြိုးစားလေ့လာ သင်ယူကြ စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။       ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက  သင်တန်းသား/သူ များအား တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ပါသည်။ သင်တန်းကို (၂၀.၄.၂၀၂၂) ရက်နေ့မှ (၁၃.၅.၂၀၂၂) ရက်နေ့အထိ (၁) လတာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် မသန်စွမ်းသင်တန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများမှ သင်တန်းသား/သူ စုစုပေါင်း (၄၀) ဦး ပါဝင်တက်ရောက်ကြမည် ဖြစ်ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကျန်ရှိဒေသများတွင် အစုအဖွဲ့များဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်နှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းများ နှင့်ညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော တိုင်းဒေသကြီး (၄)ခုမှ တိုင်းဦးစီးမှူးများနှင့် စေတနာ့ဝန်ထမ်း(၄၀)ဦးတို့က Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောရာတွင် နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များကိုတစ်နိုင်ငံလုံးရှိ သတ်မှတ်အသက်အရွယ် ဦးတည် အုပ်စုများအလိုက် သတ်မှတ်အကြိမ်ပြည့် ဆေးထိုးနှံနိုင်ရေး လုပ်ငန်းစဉ်များကို ၂၀၂၂ခုနှစ်၊ ဧပြီလကုန်မှာ တစ်နိုင်ငံလုံး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့တာ ဖြစ်ပါကြောင်း၊ယင်းသို့ဆောင်ရွက်ခဲ့ရာမှာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး မှာ ပူးပေါင်းပါဝင်ကူညီခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းများ အားလုံးကိုလည်း နိုင်ငံတော်အစိုးရနဲ့ ပြည်သူများကိုယ်စားအထူးပင် အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မိမိဒေသများရှိ မိဘညီအစ်ကိုမောင်နှမများ၊ ပြည်သူများ အသက်ရှင် သန်ရေးနှင့် ကပ်ရောဂါဆိုးမှ ခံနိုင်ရည်ရှိစွာ ကျော်လွှားနိုင်ရေးအတွက်ဆိုတဲ့ စိတ်ထားဖြင့် ရာနှုန်းပြည့်ဆေး ထိုးနှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီအားဖြည့်ပါဝင်ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာကြသော ဖိတ်ကြားထားသည့် တိုင်းဒေသကြီး(၄)ခုမှ လူမှုဝန်ထမ်းဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေမှုများ၊ အား သာချက်/အားနည်းချက်များနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရုံး၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena AjmoneSesseraအားလက်ခံတွေ့ဆုံ
ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် တုံ့ပြန် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအသင်းများလေ့ကျင့်နေမှုကိုကြည့်ရှုအားပေး

MOS

DSW

DDM

DOR