ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄)အား ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၃ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမတွင် မွန်းလွဲ (၁၄:၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင်ဝန်ကြီးဌာနအနေဖြင့်ကလေးသူငယ်များအရေးနှင့်ပတ်သက်၍ ကလေးသူငယ်များအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၊လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသောကျူးလွန်မှုများမှ တားဆီးကာကွယ်ရေးကော်မတီအပြင် အမျိုးသားကော်မတီအစည်းအဝေးများကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ကလေးသူငယ်များ၏ ဘဝသာယာဝပြောရေးနှင့် ကာကွယ်စောင့်ရှောက်မှု ပြီးပြည့်စုံစွာရရှိနိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့်အရေးကြီးသောလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထိရောက်သောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊မူဝါဒကို ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ၊ အလွဲသုံးမှုများ၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုများမှ ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရန်နှင့်ကလေးများအတွက် ဘေးကင်းလုံခြုံ၍ ကာကွယ်စောင့်ရှောက်မှုရှိသော ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန်၊ အစိုးရဌာနများ၊ အဖွဲ့အစည်းများအားလုံးသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး တာဝန်ယူပါဝင်လာစေရေးကိုဦးတည်၍ ရေးဆွဲဆောင်ရွက်နေပြီး လုပ်ငန်းကော်မတီဝင်သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကြံပြုချက်များအား ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ယင်းသို့ ထည့်သွင်းဆောင်ရွက်နိုင်ခြင်းဖြင့်ကလေးသူငယ်၏ ဘဝသာယာဝပြောရေးနှင့် ကာကွယ်စောင့်ရှောက်ရေးနယ်ပယ်အားလုံးတွင် ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း၊အားလုံးလွှမ်းခြုံသောကာကွယ်စောင့်ရှောက်ရေးမူဝါဒအဖြစ် ရရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ(၁/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများအား လူမှုဝန်ထမ်းဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒ (Child Protection Policy) ရေးဆွဲဆောင်ရွက်ထားရှိမှုအခြေအနေများအား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ပြီးတက်ရောက်လာသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များမှ ရှင်းလင်းတင်ပြချက်များအပေါ်ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီးအစည်းအဝေးအားရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR