ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Gender/CEDAW/NSPAW/AGMSF/ UNSCR 1325အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အောက်ရှိဦးစီးဌာနတို့မှသင်တန်းသား၊ သင်တန်းသူ(၃၆)ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဖြစ်၍အရေးကြီးပါကြောင်း၊ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ရှိသည့်အမျိုးသမီးများ၏ အင်အားမှာအရေးပါသည့် အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက်အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများအလေးထားအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်ဆောင်ရွက်နေကြသည့် ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကပါဝင်ဆောင်ရွက်နေသည့် Gender/CEDAW/NSPAW/ AGMSF/ UNSCR 1325 လုပ်ငန်းစဉ်များကိုသိရှိစေရန်နှင့် မိမိတို့ဌာနကဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခြင်း ဖြစ်ပါကြောင်း၊ကမ္ဘာ့ကုလသမဂ္ဂကချမှတ်ထားသည့် Sustainable Development Goals  စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်တိုင်အမှတ်(၅)ကိုအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းလဲဖြစ်ကြောင်း၊ ကျား၊ မ ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်စေရန်နှင့် ဝန်ကြီးဌာန၊အဖွဲ့အစည်းများအကြားအမျိုးသမီးများ၏အခွင့်အရေးများကိုချိတ်ဆက်မှုကောင်းကောင်းဖြင့်  ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှရရှိသည့် ဗဟုသုတများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်များနှင့် စီမံကိန်းများတွင်ကျား၊ မ ရေးရာကို စနစ်တကျ ထည့်သွင်းစဉ်းစားရေးဆွဲကြရန်၊သင်တန်းတွင်တက်တက်ကြွကြွပါဝင်ဆွေးနွေးသွားကြစေလိုကြောင်းနှင့်ယခုဖွင့်လှစ်သောသင်တန်းမှရရှိသည့်ဗဟုသုတ၊အသိပညာများကိုလက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများက မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား(၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး သင်တန်းကို(၂)ရက်တာဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR