ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ငလျင်ဘေးဒဏ်သင့် ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား လိုက်လံကြည့်ရှုအားပေး ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ ပါသည်။ 

ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းအိမ်ရာများ၊ အဆောင်များတွင် ပျက်စီးမှုအခြေအနေများကို ကြည့်ရှုခဲ့ပြီး ဝန်ထမ်းမိသားစုများ ခေတ္တတိမ်းရှောင်နေထိုင်သည့် စုရပ်နေရာများဖြစ်သည့် တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နန်းထိုက်ရတနာမူလတန်းကြိုကျောင်းနှင့် သဇင်()အဆောင်()မှ ဝန်ထမ်းနှင့် မိသားစုဝင်များ၊ နေပြည်တော် ကလေးပြုစုရေးဌာနရှိ ဆရာမများနှင့် ကလေးငယ်များအား တွေ့ဆုံအားပေး စကားပြောကြားခြင်း၊ ထမင်းဘူး၊ မုန့်နှင့် သောက်ရေသန့်များ၊ အမျိုးသမီး သန့်ရှင်းရေးသုံး ပစ္စည်းအိတ်များ ပေးဝေခြင်း၊ သေဆုံးသူ ဝန်ထမ်းမိသားစုဝင်နှင့် ဝန်ထမ်းများ၏ သက်ကြီးမိဘ များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ခေတ္တတိမ်းရှောင် စုရပ်နေရာများတွင် ရေ/မီးရရှိရေးများ၊ နေပြည်တော်ကလေးပြုစုရေးဌာနရှိ ကလေးများအတွက် မိုးကာတဲများ ထပ်မံ ပေးပို့နိုင်ရေးတို့အတွက် ညှိနှိုင်းစီစဉ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR