ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မဲခေါင်-ဂင်္ဂါစီမံချက်အရလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် အိန္ဒိယနိုင်ငံ အစိုးရမှလှူဒါန်းသည့် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်း ပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉း၀၀ နာရီက အဆိုပါ သင်တန်း ကျောင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးမျိုးအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုး၊မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးမျိုးအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုး နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur တို့က အဆောက်အဦအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး ကမ္ဗည်းမော်ကွန်းအား နံ့သာရေများဖြင့် ပက်ဖျန်းခဲ့ကြပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးH.E. Mr. Abhay Thakur ကနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက H.E. Mr. Abhay Thakur ထံသို့ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး တက်ရောက်လာသူများနှင့်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ အခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားများအားကျွေးမွေးစောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်မွေးပညာများသင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ကျောင်းသားများနှင့် တွေ့ဆုံခဲ့ပြီး ကျောင်းသို့ ရောက်ရှိနေစဉ် ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ သက်မွေးပညာများ သင်ကြားလေ့ကျင့်နိုင်စေရေး၊ သင်တန်းကျောင်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးနိုင်စေရေးနှင့် ကျောင်းသားများအနေဖြင့် ရပ်ရွာအသိုင်းအဝိုင်းအတွင်း ကောင်းမွန်စွာ ပြန်လည်ဝင်ဆံ့၍ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို အကျိုးပြုသည့် လူသားစွမ်းအားစုများ ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR