ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Center-DMC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၅ ကို ၄--၂၀၂၅ ရက်နေ့ ၁၄:၀၀ နာရီတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ() ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၇၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ယခုအခါ ငလျင်လှုပ်ခတ်မှု အကြိမ်အရေအတွက်နှင့် ပြင်းအားလျော့ကျလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၆၅၃ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး၊ Dead Body ၆၄၀ ဦး ရှာဖွေနိုင်ခဲ့ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့် ၅၊ Level 5 ကြေညာထားပါကြောင်း၊ ဝန်ထမ်းများနှင့် ပြည်သူများ နေထိုင်တာဝန် ထမ်းဆောင်ရန် အခက်အခဲရှိသဖြင့် မိုးမကျမီ ယာယီအမိုးအကာအောက်သို့ ရောက်ရှိရေး အမြန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဆောက်အဦများကို ထိခိုက်ပျက်စီးမှုပမာဏအလိုက် အနီရောင်၊ အဝါရောင်နှင့်  အပြာရောင်ဟူ၍ အဆင့် ၃ မျိုး ခွဲခြားစစ်ဆေးပေးရန်လိုကြောင်း၊ ယာယီအဆောက်အဦများအဖြစ် Assembled Board House - ABH များ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆောက်အဦ၊ လမ်းတံတား ကဏ္ဍအလိုက် ပြုပြင်ဆောင်ရွက် မှုများ အရှိန်အဟုန် မြှင့်တင်ပေးကြ စေလိုပါကြောင်း မှာကြားပါသည်။

 အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ()က ရုံးအဆောက်အဦ၊ ဆေးရုံများနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီတို့မှ ဦးဆောင်၍ ချက်ချင်း စစ်ဆေးပေးရန်လိုကြောင်း၊ နိုင်ငံတကာအကူအညီများနှင့် အလှူပစ္စည်းစာရင်းများအား စနစ်တကျဖြန့်ခွဲ နိုင်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းအလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြပါသည်။ တင်ပြချက်များအပေါ် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

အစည်းအဝေးအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌများနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ  ငလျင်ဒဏ်သင့်ပြည်သူ များနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရန် ‌ေဆာင်ရွက်လျက်ရှိသည့် ဝဏသိဒ္ဓိ၊ သုခသိဒ္ဓိ၊ ဉာဏသိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ဗလသိဒ္ဓိမြို့နယ်တို့အတွင်းရှိ အားကစားကွင်း(၅)ကွင်းတွင် ယာယီတဲများ တည်ဆောက်နေမှု၊ ရေမီး၊ မိလ္လာကိစ္စများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေး၍ အမြန်ပြီးစီးရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR