ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သိုလှောင်ရုံထိန်းသိမ်းခြင်း သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ဖြန့်ဝေခြင်းစသည့်အရေးပေါ်အခြေအနေထောက်ပံ့ပို့ဆောင်ခြင်းလုပ်ငန်းစဉ်သည်ဘေးဖြစ်ပွားနေစဉ်နှင့်ဘေးဖြစ်ပွားပြီးချိန်များတွင်အဓိကဆောင်ရွက်ရသည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊အာဆီယံဒေသတွင်းအနေဖြင့်အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပေးရေးညှိနှိုင်းမှုဗဟိုဌာန(AHA Centre) ကဆောင်ရွက်လျက်ရှိသည့်ASEAN Standards and Certification for Experts in Disaster Management (ASCEND) Project အရအာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးသင်တန်း” (ASEAN Humanitarian Logistics Training) ကိုဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်းဘေးဖြစ်ပွားချိန်၌ဘေးသင့်သူများအားအရေးပေါ်ထောက်ပံ့မှုများအချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးနိုင်ရန် သိုလှောင်ရုံများဖွင့်လှစ်ထားရှိပြီးကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကိုကြိုတင်ဝယ်ယူဖြည့်တင်းခြင်း၊စနစ်တကျသိုလှောင်၍အရန်သင့်ထောက်ပံ့နိုင်ရေးစီစဉ်ထားရှိခြင်းစသည့်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင်ဘေးသင့်သူများလက်ဝယ်သို့ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအမြန်ရောက်ရှိရေးအတွက် သိုလှောင်ရုံ၊ရုံးနှင့်ဝန်ထမ်းအိမ်ရာများတစ်စုတစ်စည်းတည်းရှိစေသည့်ပုံစံကို စံအဖြစ်သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)အနေဖြင့်သိုလှောင်ရုံ၊ ရုံးနှင့်ဝန်ထမ်းအိမ်ရာများတစ်စုတစ်စည်းရှိနေပြီဖြစ်သည့်အတွက်စံကိုက်ရှိနေပြီဖြစ်ကြောင်း၊ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)ကိုလည်းအလားတူဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအနေဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)အနေဖြင့်အောက်မြန်မာပြည်တွင်ရှိသည့်သိုလှောင်ရုံပေါင်း(၆၂)ရုံ၊ ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)အနေဖြင့်အထက်မြန်မာပြည်တွင်ရှိသည့်သိုလှောင်ရုံပေါင်း(၇၇)ရုံတို့ကိုထောက်ပံ့ရေးပစ္စည်းများဖြန့်ခွဲပေးပို့ဆောင်ရွက်လျက်ရှိသည့်အတွက် သိုလှောင်ရုံစုစုပေါင်း(၁၄၁)ရုံဖွင့်လှစ်ပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ သိုလှောင်ရုံများကိုစနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိပါကသိုလှောင်ပစ္စည်းများဆုံးရှုံးပြီးနိုင်ငံ့ဘဏ္ဍာဆုံးရှုံးမှုများဖြစ်ပေါ်စေနိုင်ပါကြောင်း၊ သိုလှောင်ပစ္စည်းများလက်ခံ၊ ထိန်းသိမ်း၊ ထုတ်ပေးမှုတွင်လယ်ဂျာမှတ်တမ်းသတ်မှတ်ပုံစံများ၌စနစ်တကျမှတ်တမ်းတင်လျက်ရှိသလို IT နည်းပညာအသုံးပြုထားသည့်Inventory Management Software ကိုလည်းစတင် အသုံးပြုနေပြီဖြစ်ကြောင်း၊ Software ရေးသွင်းရာတွင်ကြုံတွေ့ရသည့်လိုအပ်ချက်၊အခက်အခဲ၊အားနည်းချက်၊အားသာချက်များကိုSoftware ရေးဆွဲသည့်ကုမ္ပဏီနှင့်ညှိနှိုင်းပြီးပိုမိုရှင်းလင်းလွယ်ကူစွာဆောင်ရွက်နိုင်ရန်Software ပြင်ဆင်ရေးဆွဲခြင်းဖြင့်သိုလှောင်ရုံဆိုင်ရာအချက်အလက်များမြန်ဆန်မှန်ကန်စွာသိရှိနိုင်ခြင်း၊အချိန်ကုန်သက်သာစေခြင်းနှင့်ပစ္စည်းလေလွင့်ဆုံးရှုံးမှု၊ လျော့နည်းမှုတို့ကိုမဖြစ်ပေါ်စေရေးပိုမိုကြီးကြပ်ဆောင်ရွက်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စာရွက်စာတမ်းစနစ်ဖြင့်လည်းမှန်ကန်စွာမှတ်တမ်းပြုကြရန် လိုပါကြောင်း၊ သင်တန်းမှ ပို့ချမှုများကိုလေ့လာမှတ်သားပြီးအကျိုးရှိထိရောက်စွာအသုံးချကြပါရန် တိုက်တွန်းပါကြောင်းပြောကြားပါသည်။

သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ နည်းပြများနှင့်သင်တန်းသား/သင်တန်းသူများတက်ရောက်ကြပါသည်။ သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း(၁/၂၀၂၃)သို့ဦးစီးဌာန(ရုံးချုပ်)နှင့်တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများမှသင်တန်းသား၊ သင်တန်းသူအရာထမ်းစုစုပေါင်း(၂၇)ဦးတက်ရောက်ခဲ့ကြပြီးအဆိုပါသင်တန်းကို(၁၃-၃-၂၀၂၃)ရက်နေ့မှ(၁၇-၃-၂၀၂၃)ရက်နေ့အထိ(၅)ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR