ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

နေပြည်တော်ကောင်စီ၊ သီရိရတနာမူလတန်းကြိုကျောင်း၊ကျောင်းဆင်းနှုတ်ဆက် ဒေသာကပွဲနှင့်ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို (၃၀.၃.၂၀၂၂) ရက်နေ့၊နံနက်(၉း၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးက ယနေ့ ကျောင်းဆင်းနှုတ်ဆက်ပဒေသာကပွဲနှင့်ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်လာသူများအား ကျန်းမာချမ်းသာပါစေကြောင်းနှုတ်ခွန်းဆက်ပါကြောင်း၊ မူကြိုပညာရေးသည် ကလေးများ ဖွံ့ဖြိုးမှုအထူးသဖြင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါကြောင်း၊ အနာဂတ်အတွက် ထူးချွန်သည့်ကလေးများဖြစ်စေရန် မူကြိုပညာရေးက အရေးပါကြောင်း၊မိမိတို့ ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နေသည့် (Maternal and Child Cash TransferProgram- MCCT) သည် ပုညှက်သေးကွေးနေသည့်ကလေးများရှိသည့်ဒေသများအား အထူးအလေးပေး ထောက်ပံ့ပေးနေပါကြောင်း၊ ကလေးများအတွက်Nutrition ရရှိရန်လည်း လိုအပ်သလို ကလေးများ၏ ရှေးဦးအစရက်(၁၀၀၀)ကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အများဆုံးကာလ ဖြစ်နေပါ၍အရေးကြီးပါကြောင်း၊ ရက်(၁၀၀၀)ကာလအပြီးတွင် မူကြိုပညာသင်ယူရမည့်ကာလဖြစ်ပါကြောင်း၊ အနာဂတ်သင်ယူမှုများအတွက် အဆင်သင့်ဖြစ်နေရန်စနစ်ကျသည့် ပြုစုပျိုးထောင်မှုက အရေးကြီးပါကြောင်း၊ မူကြိုပညာရေးကလေးတိုင်းရရှိရန်မှာ လိုအပ်ချက် ဖြစ်နေပါကြောင်း၊ ကလေးများ၏ တီထွင်ဖန်တီးနိုင်မှု၊စူးစမ်းလိုစိတ်ရှိမှု၊ အခြေခံသိပ္ပံ သဘောတရားများ သင်ယူနိုင်မှုနှင့် အဖွဲ့ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်မှုစသည့် စွမ်းရည်ပြည့်ဝ ရန်မှာ မူကြိုပညာရေးမှပံ့ပိုးပေးပါကြောင်း၊ မူကြိုပညာသည် ကလေးများအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်၍ နိုင်ငံများအနေနဲ့ အထူးအလေးပေးဆောင်ရွက်နေပါကြောင်း၊ရင်းနှီးမြှုပ်နှံမှုများအနက် အမြတ်အများဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်နေပါကြောင်း၊အနာဂတ်ကာလအတွက် ပညာသင်ယူမှုပြီးမြောက်ခြင်း၊ကျောင်းထွက်နှုန်းလျော့ကျခြင်း၊ ပတ်ဝန်းကျင်နဲ့ သဟဇာတနေထိုင်တတ်တဲ့ကလေးများဖြစ်စေရန် မူကြိုပညာရေးက လိုအပ်ချက်အနေနဲ့ ရှိနေပါ၍မိဘများအနေဖြင့် မူကြိုအရွယ်ကလေးများ မူကြိုတက်ရောက်နိုင်ရေး ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သားငယ်၊ သမီးငယ်များအားကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်း၊ ပဒေသာကပွဲကျင်းပခြင်း၊ဂုဏ်ပြုလက်ဆောင်ပန်းခြင်း ပေးအပ်ချီးမြှင့်ခြင်းနှင့်မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီးအဆိုပါအခမ်းအနားကို ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်သီရိရတနာမူလတန်းကြိုကျောင်းမှသားငယ်သမီးငယ်များ၏မိဘများနှင့်ဆရာမများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR