ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

     အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II ရေးဆွဲရေးနှင့်ပတ်သက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်မှုဆိုင်ရာ အားသာချက်၊ အားနည်းချက်များအား လေ့လာသုံးသပ်မှုအစီရင်ခံစာနှင့် NSPAW Phase II ရေးဆွဲရေးလုပ်ငန်း စီမံချက်အား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး EC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

        ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူဦးရေတွင် အမျိုးသမီးများမှာ ၅၂ % ခန့်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် ထုံးတမ်းစဉ်လာအရ ခွဲခြားမှုမရှိသော်လည်း သဘာဝအားဖြင့် အမျိုးသားများနှင့် မတူညီသော လုပ်ငန်းများတွင် အမျိုးသမီးများမှာ အချိန်ပိုမိုပေးနေရ သောကြောင့် Work Life Balance ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောနေကြကြောင်း၊ Family Friendly Work Environment ဖန်တီးပေးရန် လိုအပ်ကြောင်း၊ အမျိုးသမီးများအတွက် အရည်အချင်းပေါ်မူတည်ပြီး equal employment opportunity ရှိရန်လိုအပ်ကြောင်း၊ အမျိုးသမီးများ ပညာတတ်မြောက်ရန်လိုအပ်ပြီး မိသားစုမှာ double income family ဖြစ်မှသာ ယနေ့ခေတ်တွင်  အဆင်ပြေပါကြောင်း၊ ကမ္ဘာအနှံ့တွင် gender study များ ပြုလုပ်လာကြပြီး အမျိုးသမီးများ decision making role နှင့် women leadership တွင် ပိုမိုပါဝင်လာစေရန် ဆောင်ရွက်လာကြကြောင်း၊ ကျား၊မ အခြေပြု အကြမ်းဖက်မှုများ အတွက်လည်း ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသမီးနှင့် အမျိုးသားများ လက်တွဲဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် man advocacy ကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ ယခု အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) သည် နောက်ဆုံးနှစ်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်နိုင်ခဲ့မှုများ၊ အားနည်းချက်၊ အားသာချက်များနှင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ချက်များကို သုံးသပ်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း ( NSPAW Phase II) ကို ရေးဆွဲသွား ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ဒုတိယဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း( NSPAW Phase II) ရေးဆွဲရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ လက်ရှိအခြေအနေ၊ NSPAW Phase II ရေးဆွဲရေးအတွက် Long Term, Short Term ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ NSPAW Phase II  တွင် ထည့်သွင်းသင့်သည့် ဧရိယာများ၊ အကောင်အထည်ဖော်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ Stakeholders များနှင့် မိတ်ဖက်အဖွဲ့များ ပါဝင်သည့် Mobilization Plan ဖြင့် ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II ရေးဆွဲရေးနှင့်ပတ်သက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်မှုဆိုင်ရာ အားသာချက်၊ အားနည်း ချက်များအား လေ့လာသုံးသပ်မှုအစီရင်ခံစာနှင့် NSPAW Phase II ရေးဆွဲရေး လုပ်ငန်း စီမံချက်နှင့် Timeframe တို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း NSPAW Phase II ရေးဆွဲအတည်ပြုခြင်း လုပ်ငန်းများကို  ၂၀၂၂ ခုနှစ် မတ်လ မှ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR