ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနအစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ပါသည်။

 အဆိုပါအခမ်းအနားတွင် (၂၀၁၁-၂၀၁၆) ဒုတိယဝန်ကြီး(အငြိမ်းစားများ)မှ ငွေကျပ်သိန်း (၃၀) ၊ လမ်းမတော်အမှတ်(၆)အောင်မြေရပ်၊ ချောက်မြို့နေ နိုင်ငံအေးဆန်ပွဲရုံ၊ သားသမီးမြေးမိသားစု၊ ကာယဉာဏလုပ်သားများနှင့် ရောင်းသူဝယ်သူများမှ ငွေကျပ်သိန်း(၅၀၀)နှင့် Money King Company Limited မှ ငွေကျပ် သိန်း(၁၀၀)၊ စုစုပေါင်းငွေကျပ် သိန်း(၆၃၀) ပေးအပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

MOS

DSW

DDM

DOR