ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)အား ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်ရေးနှင့် နိုင်ငံတကာ စနစ်များနှင့် လျော်ညီစွာ၊ မိမိတို့ နိုင်ငံ လက်တွေ့အခြေအနေများနှင့် ကိုက်ညီမှုရှိစေရေး ပြန်လည် သုံးသပ် ခြင်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုး စီးပွားကို ရှေးရှု၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အခန်းများအား သုံးသပ် နိုင် ရေး တွေ့ဆုံ‌ဆွေးနွေး ရခြင်းဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော လူမှုစီးပွားရေး အခြေအနေ ပေါ်မူတည်၍ ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်းများ ရှိနေ ပါသော ကြောင့် ကလေးသူငယ် များအား ပိုမိုကာကွယ်စောင့်ရှောက်ပေးနိုင်ရန် လိုအပ်ပါ သဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအား ပြန်လည် သုံးသပ်ရခြင်းဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား ပြန်လည်သုံးသပ်ဆွေးနွေး ရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုအလေးထားဆောင်ရွက်ရန်အတွက် ပြန်လည်သုံးသပ်လိုသည့် အချက်များအား ပြည် ထောင်စုရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအား အလွဲသုံးခြင်း၊ အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းများမှ ပိုမိုကာကွယ် နိုင်ရန်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူ၊ မြေပြင်အမှန်တကယ် ဆောင်ရွက်နေ သူများအနေဖြင့် အသေးစိတ် သုံးသပ် ဖော်ထုတ် သွားပါရန်နှင့် ဥပဒေတွင် သတ်မှတ် ချက်များကို တိကျစွာ ထည့်သွင်းဆောင်ရွက် သွားရမည်ဖြစ်သလို၊ လိုအပ် အသေးစိတ် တာဝန်နှင့် စည်းကမ်းသတ်မှတ်ချက်များအား ဆက်လက်ရေးဆွဲ ဆောင်ရွက်မည့် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာနည်းဥပဒေတွင် ထည့်သွင်းဆောင်ရွက် သွားဖို့လိုမည်ဖြစ် ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် ဆွေးနွေး ဆောင် ရွက်သွားဖို့လိုမည်ဖြစ်ပါကြောင်း  ပြော ကြားခဲ့ပါသည်။



ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား ပြန်လည်သုံးသပ်ရေးအတွက် လုပ်ငန်းအဖွဲ့အား (၁၆) ဦးဖြင့်ဖွဲ့စည်းပြီး  ဆွေးနွေးဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဥပဒေ၏ ပြန်လည် သုံးသပ်ရန် လိုအပ်သည့် သက်ဆိုင်ရာ အခန်းများ၊  ပုဒ်မများအလိုက် တွေ့ရှိချက်များနှင့် လျာထား ပြင်ဆင် ရန်အချက်များကို သုံးသပ် တင်ပြ၍ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများမှ ရှင်းလင်း တင်ပြချက်များအပေါ်ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး၊နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီး က မိမိတို့ ဝန်ကြီး ဌာန အနေဖြင့် ကလေးသူများ၏ အခွင့်အရေးကို ဖော်ဆောင်ရသည့် ဌာနဖြစ် သည့် အားလျော်စွာ ကလေးသူငယ်၏ အခွင့်အရေးများကို တတ်နိုင်သမျှအကောင်းဆုံး ဖော် ဆောင်နိုင်ရေး၊ ဥပဒေ ဖြင့် အကာအကွယ်ဥပဒေပေးနိုင်ရေး အလေးပေးဆောင်ရွက်ရမှာ ဖြစ် သလို ဥပဒေပိုင်းဆိုင်ရာ အမြင်ရှုဒေါင့်များ ကိုလည်းမျက်ခြေအပြတ်စေရေးနှင့်  ပြည်တွင်း အခြေအနေနှင့် ရေရှည် ကိုက်ညီ ဆီလျော်မှုရှိစေ ရေးကိုပါ အလေးပေးသုံးသပ်ရမည့် အချက် များ၊ ဥပဒေပိုမိုထိရောက်ကောင်းမွန်စေရေးအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည် များကို မှတ်ချက်ပြုဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးအား (:၄၅)နာရီတွင် ရုတ် သိမ်းခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR