ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၈-၃-၂၀၂၅ရက်ကလှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးကြောင့်နေပြည်တော်ကောင်စီနယ်မြေ၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာဘေးသင့်ခဲ့သောပြည်သူများအတွက်ပြည်တွင်း/ ပြည်ပစေတနာရှင်၊အလှူရှင်များ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့်ဘေးသင့်ဒေသများသို့ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကိုအပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာမေလ ၁၃ ရက်နေ့မှ၁၉ရက်နေ့အထိ အခြေအနေကို ၂၁-၅-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါမေလ၂၀ရက်နေ့မှ ၂၇ရက်နေ့အထိရက်သတ္တပတ်၁ပတ်အတွင်းထိုင်းနိုင်ငံရောက်စေတနာရှင်များ၊ သီရိလင်္ကာနိုင်ငံနှင့်တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစပယ်အစိုးရ တို့မှထပ်မံပေးပို့လှူဒါန်းလာသောမိုးကာတဲ၊ မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံး ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ဆေးနှင့် ဆေးပစ္စည်းများအနက်ဆေးနှင့် ဆေးပစ္စည်းများကိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လည်းကောင်း၊မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဖြန့်ခွဲပေးပို့ပြီး ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းသည့် ဒီဇယ်ဆီတန် ၁၁,၉၃၀.၅၀၅ နှင့် ဓာတ်ဆီတန် ၂,၉၄၀.၀၅၅ တို့သည် ၂၃-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ထပ်မံရောက်ရှိခဲ့ရာစုစုပေါင်းဒီဇယ်ဆီတန် ၂၉,၉၃၀.၅၀၅ နှင့် ဓာတ်ဆီတန် ၁၉,၉၄၀.၀၅၅ တို့ကိုစွမ်းအင်ဝန်ကြီးဌာနကစနစ်တကျ သိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။

အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ဘိလပ်မြေ ၂၂၅ တန် (၄၅၀၀ အိတ်) သည် ၂၄-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးက လွှဲပြောင်းပေးခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကလက်ခံရယူပြီးနောက် ဘေးသင့်ဒေသများသို့ ပို့ဆောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ငလျင်ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ်အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းသည့် Prefabricated Office ၅၀၀ လုံးအနက် ၃၄၀ လုံးသည် ၂-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊၁၆၀ လုံးသည် ၂၄-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်းရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီးဘေးသင့်ဒေသများတွင်ယာယီရုံးများအဖြစ် တပ်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

အလားတူတရုတ်ပြည်သူ့သမ္မတနိုင်ငံကယာယီအိမ်များအဖြစ် အသုံးပြုရန် လှူဒါန်းသည့် Prefabricated House ၄၅၀၀ လုံးအနက် ၁၅၇၆ လုံးသည် ၉-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ၁၈၀၄ လုံးသည် ၁၃-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ၁၁၂၀ လုံးသည် ၂၄-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်းရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီးဘေးသင့်ဒေသများ၌တပ်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၆၁ စီး၊ စစ်ကိုင်းတိုင်း‌ ဒေသကြီးသို့ မော်တော်ယာဉ် ၃၂ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၁၁ စီးဖြစ် ပါသည်။

နိုင်ငံတကာအလှူရှင်များက၂၀-၅-၂၀၂၅ရက်နေ့မှ၂၇-၅-၂၀၂၅ရက်နေ့အထိရက်သတ္တပတ်၁ပတ်အတွင်းပေးပို့လှူဒါန်းသည့်ပစ္စည်းများကိုဘေးသင့်ပြည်သူများအတွက်ဖြန့်ခွဲပေးပို့နိုင်ရေး ဆောင်ရွက်ထားမှုကိုပူးတွဲပါဇယားများဖြင့်ဖော်ပြအပ်ပါသည်။ထပ်မံလှူဒါန်းလာသည့်ပစ္စည်းများရောက်ရှိမှုနှင့်ငလျင်ဘေးသင့်ပြည်သူများထံအမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို၁ပတ်လျှင်၁ကြိမ်ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။









ထိုင်းနိုင်ငံမှ လှူဒါန်းပစ္စည်းများမှတ်တမ်း


သီရိလင်္ကာနိုင်ငံမှ လှူဒါန်းပစ္စည်းများ ရောက်ရှိမှုမှတ်တမ်း


တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစပယ်အစိုးရမှလှူဒါန်းပစ္စည်းများ ရောက်ရှိမှုမှတ်တမ်း



တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့်ဓာတ်ဆီ ၂၉၄၀.၀၅၅ မတ်ထရစ်တန်၊ ဒီဇယ် ၁၁၉၃၀.၅၀၅ မတ်ထရစ်တန် လွှဲပြောင်းလက်ခံမှုမှတ်တမ်း



အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ဘိလပ်မြေ ၂၂၅ တန် လွှဲပြောင်း/လက်ခံမှုမှတ်တမ်း



တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် Prefabricated Houseများရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိမှုမှတ်တမ်း


နေပြည်တော်ကောင်စီနယ်မြေအတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်း



စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်း



မန္တလေးတိုင်းဒေသကြီးအတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်း



ရှမ်းပြည်နယ်အတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်း






နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR