ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မီးဘေးလုံခြုံရေးကြိုတင်ကာကွယ်မှု အသိပညာပေးဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ ပထမဆုံးအကြိမ်အဖြစ် အသိပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မီးဘေးလုံခြုံရေးဆင့်ပွားသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးကိုအစဉ်လိုက်နာစေရန်၊ မီးလောင်မှုဖြစ်ပွားလာပါက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းအိမ်ရာများနှင့်မိမိတို့ရုံးဌာနတွင် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်၊ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်ရေးစီမံချက်အတိုင်း လုပ်ငန်းတာဝန်များသိရှိလိုက်နာဆောင်ရွက်ရန်နှင့် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မီးဘေးလုံခြုံရေးအသိကို ဝန်ထမ်းတိုင်းသိရှိတတ်မြောက်ပြီး မိမိတို့ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ မီးဘေးလုံခြုံရေးတာဝန်ခံသင်တန်းကို မိမိတို့ဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ဦး၊ မီးဘေးလုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(အထူး)ကို ဒုတိယညွှန်ကြားရေးမှူး(၂)ဦး တက်ရောက်စေခဲ့ကြောင်း၊ သင်တန်းများတက်ရောက်ခဲ့ကြသည့် အရာရှိကြီး(၃)ဦးကဦးဆောင်ပြီး မီးဘေးလုံခြုံရေးကို တာဝန်ခံဆောင်ရွက်မည့် Core Group ဖွဲ့စည်းကာ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာနှင့် လက်တွေ့ဆောင်ရွက်ရမည့်အကြောင်းအရာများကို ဆင့်ပွားပို့ချပေးနိုင်ရန် ယနေ့သင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မီးဘေးအန္တရာယ်ဆိုသည်မှာတစ်ဦးက သတိမပြုပေါ့ဆခဲ့လျှင်လူအများမှာ မီးဘေးအန္တရာယ် ကျရောက်ပြီး ဆုံးရှုံးမှုများဖြစ်လာနိုင်ပါကြောင်း၊ ဝန်ကြီးဌာနတွင် မီးဘေးအန္တရာယ်ကျရောက်နိုင်မည့်ကိစ္စများနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါကအလျင်အမြန်တုံ့ပြန်ငြှိမ်းသတ်နိုင်မည့် လိုအပ်ချက်များ၊ ကြိုတင်လေ့ကျင့်မှုများကို လေ့လာသုံးသပ်ပြီး ကြိုတင်ဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း၊မီးဘေးလုံခြုံရေးနှင့် ပတ်သက်ပြီး ဝန်ထမ်းတိုင်းသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ မီးဘေးနှင့်ပတ်သက်ပြီး သတိပေးခြင်းများအား လိုက်နာဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်စိတ်ပါဝင်စားစွာ လေ့လာသင်ကြားကြရန်နှင့်လက်တွေ့သင်ကြားမှုများကို နားလည်တတ်ကျွမ်းအောင် ကြိုးစားလေ့ကျင့်ကြပြီး မိမိဌာနအတွက်၊ ပြည်သူလူထုအတွက်မီးဘေးလုံခြုံရေးနှင့်ပတ်သက်ပြီး အကျိုးပြုနိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြတစ်ဦးက မီးဘေးလုံခြုံရေး  ကြိုတင်ကာကွယ်မှုအသိပညာပေးဆင့်ပွားသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်တင်ပြကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တက်ရောက်လာကြသော အရာရှိကြီးများနှင့် သင်တန်းသားများစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR