ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါလျက် မရမ်းကုန်းမြို့နယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့) သို့ရောက်ရှိကြပြီး အိနိ္ဒယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ဆန်နှင့် ဂျုံများအား MIP နှင့် Asia World ဆိပ်ကမ်းများမှ ကွန်တိန်နာများဖြင့် ရောက်ရှိလာသော ဆန်အိတ်များအား သိုလှောင်ရုံ အတွင်း သိုလှောင်ထားရှိမှုနှင့် မြို့နယ်များသို့ ဖြန့်ဝေပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု  အခြေအနေများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တို်ငးဒေသကြီး ဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှို်ငးဆောင်ရွက်ပေးခဲ့ပြီး သိုလှောင်ရုံအတွင်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါလျက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ် သင်တန်းကျောင်းသို့ ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က သင်တန်းကျောင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းအနေဖြင့် ပိုမိုထိရောက်ကျယ်ပြန့်စွာ အကျိုးပြုနိုင်ရေးအတွက် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Resource Center အဖြစ်မြှင့်တင်၍ TOT သင်တန်းများ ပို့ချနိုင်ရေး ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါ လျက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာသို့ရောက်ရှိကြပြီး မသန်စွမ်းကလေးများအား ပြုစုစောင့်ရှောက်ပေးနေမှု အခြေအနေများနှင့် စားသောက်နေထိုင်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ မသန်စွမ်းကလေးများ အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါ လျက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန         လူမှုဝန်ထမ်း အတတ်သင်သိပံ္ပကျောင်း သို့ရောက်ရှိကြပြီး သင်တန်းကျောင်းခန်းမဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါ လျက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က ကျောင်း၏တည်နေရာ၊ အဆောက်အဦ၊ ဝန်ထမ်းအင်အား၊ ဝင်ဆံ့အင်အားနှင့် လက်ခံစောင့်ရှောက်ထားရှိမှု၊ ကလေးများ အသိပညာအတတ်ပညာဖွံ့ဖြိုးစေရေး ဆောင်ရွက်နေမှုအခြေအနေများ၊ အားသာချက်၊ အားနည်းချက်များနှင့် ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုသည့်အချက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းကျောင်းအိပ်ဆောင်များအတွင်း လိုက်လံကြည့်ရှု ကာ ကလေးငယ်များအား လိမ္မာရေးခြားရှိပြီး အကျိုးပြုနိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းအားပေးပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR