ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်သည် ဇွန်လ (၁၃) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်လူမှုဝန်ထမ်းရုံးသို့ရောက်ရှိခဲ့ပြီးရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံ့ဘဏ္ဍာငွေများသုံးစွဲရာတွင် ပြဋ္ဌာန်းထားသောဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီသုံးစွဲရေး၊ ရုံးအဆောက်အဦများသန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံရေးကိုဂရုစိုက်ဆောင်ရွက်ရေးနှင့် လပွတ္တာခရိုင်အတွင်းရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပထမ (၃) လပတ်အတွက် အသက် (၈၅) နှစ်နှင့်အထက် ဘိုး၊ဘွားများအားလူမှုရေးပင်စင်ထောက်ပံ့နိုင်ရေး၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂) နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့နိုင်ရေးအတွက် စာရင်းကောက်ယူမှုအခြေအနေများနှင့်အကျုံးဝင်သူများကျန်ရစ်မှုမရှိစေရေးစနစ်တကျစာရင်းသွင်းဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းသို့သွားရောက်ပြီးကျောင်းသားလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ကျောင်းသား/ ကျောင်းသူများ၏ ပညာသင်ကြားမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ၊ပလပ်စတစ်ခြင်းထိုးသင်တန်း၊ ဆံသသင်တန်းနှင့်ဆပ်ပြာဆီဆပ်ပြာခဲပြုလုပ်ခြင်းစသည့်အသက်မွေးဝမ်းကြောင်းပညာရပ်များသင်ကြားနေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့အပြင်စားဖိုဆောင်သန့်ရှင်းသပ်ရပ်စေရေးနှင့် အာဟာရပြည့်ဝသောအစားအစာများချက်ပြုတ်ကျွေးမွေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လပွတ္တာမူလတန်းကြိုကျောင်းသို့ သွားရောက်ပြီးလူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများတိုးတက်ကောင်းမွန်စေရေး၊ အများနှင့်လိုက်လျောညီထွေနေထိုင်တတ်ပြီးအများအကျိုးသယ်ပိုးလိုစိတ်၊ တိုင်းပြည်ချစ်စိတ်များရှိလာအောင် လေ့ကျင့်ပျိုးထောင်ပေးရေး၊ ကလေးများအားယခုအရွယ်မှစ၍ အချင်းချင်းစည်းစည်းလုံးလုံးပူးပေါင်းဆောင်ရွက်တတ်သည့် အခြေခံအလေ့ကျင့်ကောင်းများကိုစနစ်တကျသင်ကြားလေ့ကျင့်ပေးရေးမှာကြားခဲ့ပြီးကလေးများ၏သင်ယူရန်နေရာများ၊  ကစားကွင်းနေရာများ၊  ချက်ပြုတ်ကျွေးမွေးရာနေရာများ၊ ကျန်းမာရေးနှင့်အညီစောင့်ရှောက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးကာလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိခဲ့ပြီးအဆောက်အဉီနှင့်ဌာနပိုင်ပစ္စည်းများစနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ကျရောက်လာပါကလိုအပ်သည့်နေရာများသို့ ကယ်ဆယ်ရေးပစ္စည်းများအချိန်မီပို့ပေးနိုင်ရေး၊ ဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးလိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးရန်ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်းများပျက်စီး၊ ပျောက်ဆုံး၊ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် ပစ္စည်းများသက်တမ်းပြည့်သိုလှောင်ထားရှိနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မြောင်းမြခရိုင်လူမှုဝန်ထမ်းရုံးသို့ သွားရောက်ပြီးရုံးတွင်း၊ ရုံးပြင်သန့်ရှင်းမှုအခြေအနေများ၊ နိုင်ငံ့ဘဏ္ဍာငွေများသုံးစွဲရာတွင် ပြဋ္ဌာန်းထားသောဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီသုံးစွဲရေးနှင့် ပြည်သူလူထုအသိပညာပေးသင်တန်းများကိုလည်းထိရောက်စွာဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးသို့သွားရောက်ပြီးကယ်ဆယ်ရေးပစ္စည်းများ၊ ပျက်စီး၊ ပျောက်ဆုံး၊ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် သက်တမ်းပြည့် သိုလှောင်ထားရှိနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ရေး၊ မိုးကြိုကာလအတွင်းဖြစ်ပွားလေ့ရှိသောလေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်၊ရှောင်ရန်အချက်များအားပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးရန် ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးရန်မှာကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးသည်ဝန်ကြီးဌာနလက်အောက်ရှိလူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှခရိုင်ရုံးဝန်ထမ်းများအားတွေဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ၊ လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်သည့် သိကောင်းစရာများကိုထပ်ဆင့်ရှင်းလင်းပြောကြားပြီးဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR