ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အခြေအနေ

 

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် (၁၅-၅-၂၀၂၃)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်ခန့်တွင် တရုတ်နိုင်ငံအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။

 

မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်

NDMC အရေးပေါ်အစည်းအဝေး (၂/၂၀၂၃)အား (၁၄-၅-၂၀၂၃)ရက်နေ့တွင်ကျင်းပဆောင်ရွက်ခြင်း၊

 

ဘေးသင့်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ကြောင်းနိုင်ငံပိုင်မီဒီယာများမှတဆင့် (၁၅-၅-၂၀၂၃)ရက်နေ့တွင် ကြေညာခြင်း၊

 

ချင်းပြည်နယ်၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့များကို (၁၆-၅-၂၀၂၃)ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာခြင်း၊

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၃၂၁၄) ဖွဲ့နှင့် ချင်းပြည်နယ်တွင် (၉၄၅) ဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၀၇) ဖွဲ့ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၃၉) ဖွဲ့ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဘေးလွတ်ရာကြိုတင်ရွှေ့ပြောင်းမှုအနေဖြင့် 

ရခိုင်ပြည်နယ်တွင် (၅၇၆၅၉၇) ဦး၊ 

ချင်းပြည်နယ်တွင် (၁၅၀၉) ဦး၊

ဧရာဝတီတိုင်းဒေသကြီးတွင် (၂၇၀၈၆၉) ဦးနှင့်

ရခိုင်ပြည်နယ်မှ IDP စခန်းများရှိ လူဦးရေ (၆၃၃၀၂)ဦးတို့အား ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ခြင်း၊ 

 

 

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၃၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊ 

 

အရေးပေါ်ဆက်သွယ်ရေးကဏ္ဍအနေဖြင့် Satellite Terminal နှင့် Mobile BTS အပါအဝင် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးပစ္စည်း (၇) လုံး၊ ချင်းပြည်နယ်တွင် (၂) လုံး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၈၉၇၄) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၂၅၀၇) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၅၁၉) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၃၆၇) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၃၈၀၄) အိမ်ထောင်စာနှင့် မြို့နယ် DMC ရုံး(၆)ရုံးတွင် (၃၄၀၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

 

ဘေးဒဏ်ခံအဆောက်အများအနေဖြင့် Cyclone Shelter Multi-Purpose Shelterနှင့် School-Cum Shelter အပါအဝင် ရခိုင်ပြည်နယ်တွင် Shelter (၅၄) လုံး စုစုပေါင်းလူဦးရေ (၂၄၈၀၀) ဆံ့ ၊ ချင်းပြည်နယ်တွင် Shelter (၆) လုံး စုစုပေါင်းလူဦးရေ (၃၂၀၀) ဆံ့ ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် Shelter (၁၁) လုံး စုစုပေါင်းလူဦးရေ (၅၆၀၀) ဆံ့မကွေးတိုင်းဒေသကြီးတွင် Shelter (၃) လုံး စုစုပေါင်းလူဦးရေ (၁၅၀၀) ဆံ့ နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် Shelter (၁၁၈)လုံး စုစုပေါင်လူဦးရေ (၈၄၆၈၅)ဆံ့ ထားရှိခြင်း

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၅၄၄)လိပ် မိုးကာတဲ (၅၀၉)လုံး၊ Fiber Boat (၅၂)စီး၊ Life Jacket (၇၂၅၀) ခု၊ ချင်းပြည်နယ်တွင် တာပေါ်လင်() လိပ်၊ Fiber Boat (၆)စီး၊ Life Jacket (၄၂) ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် တာပေါ်လင်(၁)လိပ်၊ မိုးကာတဲ (၂၀၉)လုံး၊ Fiber Boat (၇၉)စီး၊ Life Jacket (၂၆၁၉) ခုထားရှိခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီတွင် တာပေါ်လင်()လိပ် မိုးကာတဲ (၅၂၆)လုံး၊ Fiber Boat (၆၅)စီးနှင့် ခေါက်ဆွဲခြောက် (၁၅၇၈၃၀)ထုပ် တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

ကျန်းမာရေးသုံးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၂၆၀၀၀)ထုပ်၊ Disaster Kit (၁၀၀)ပုံး၊ Emergency Light (၄၅၀)ခု၊ အိမ်သာခွက် (၄၀၀)ခုနှင့် ရေသန့်ဆေးပြား (၃၀၄၀၀)ခု ပို့ဆောင်ခြင်း၊

 

ကနဦးကွင်းဆင်းစာရင်းကောက်ယူမှုအနေဖြင့်  ရခိုင်ပြည်နယ်တွင် (၂၀)ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁)ဖွဲ့နှင့် မကွေးတိုင်းဒေသကြီးတွင် (၁)ဖွဲ့ဆောင်ရွက်လျက်ရှိပါသည်။

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

သေဆုံး  -  ၄၈ ဦး

ဒဏ်ရာရ  -  ၂၇ ဦး

နေအိမ်ပျက်စီး  -  ၁၃၄၁၄၄ လုံး

စာသင်ကျောင်း  -  ၉၆၂ လုံး

အဆောက်အဦ  -  ၂၅၅၅ လုံး

ဆေးရုံ/ဆေးခန်း  -  ၁၇၆ ခု

 

လမ်း၊တံတား၊အဆောက်အဦပျက်စီးဆုံးရှုံးမှုအနေဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဆုံးရှုံးမှုတန်ဖိုးကျပ် (၂၅၅၇)သန်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR