ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်၊ညွှန်ကြားရေးမှူးချုပ်များ၊တာဝန်ရှိသူများနှင့်အတူ၁၉-၉-၂၀၂၅ရက်နေ့နံနက်(၁၀:၃၀)နာရီတွင်စစ်ကိုင်းမြို့၊မြို့တော်ခန်းမ၌စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်၂၀၂၅ခုနှစ်၊အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အကြိုအသိပညာပေးလှုပ်ရှားမှုအနေဖြင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန၊သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌သက်ကြီးပုဂ္ဂိုလ်များအတွက်အထောက်အပံ့ဖြစ်နိုင်စေရေးနှင့်၎င်းတို့အားလေးစားတန်ဖိုးထားသောအားဖြင့်အစိုးရကထောက်ပံ့သည့်လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ်အသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို၆လစာတစ်စုတစ်စည်းတည်းပေးအပ်ခြင်းဖြစ်ကြောင်း၊ရပ်ရွာအတွင်းလူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီးစေတနာကိုအရင်းခံ၍တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသောကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊အမျိုးသမီးဂေဟာများ၊မသန်စွမ်းဂေဟာများနှင့်ဘိုးဘွားရိပ်သာများအတွက်နိုင်ငံတော်အနေဖြင့်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ဂေဟာရိပ်သာများအနေဖြင့်ဘဏ္ဍာရေးစည်းမျဉ်းများ၊စံလုပ်ငန်းလမ်းညွှန်များနှင့်အညီဆောင်ရွက်စေလိုကြောင်း၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏အင်အားကိုရယူပြီးနှစ်စဉ်ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းစဉ်များချမှတ်ကာစနစ်တကျဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊လူမှုရေးဆိုင်ရာထောက်ပံ့မှုများအပြင်ကမ္ဘာအဝှမ်းတွေ့ကြုံခံစားနေရသောသဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့်ထောက်ပံ့မှုများ၊အသိပညာပေးမှုများကိုလဲဝန်ကြီးဌာနအနေဖြင့်ဆောင်ရွက်လျှက်ရှိရာယနေ့အခမ်းအနားအပြီးတွင်ဆက်လက်ကျင်းပမည့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲသည်လည်းတစ်ခုအပါအဝင်ဖြစ်ကြောင်း၊ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကိုဘေးမဖြစ်မီ၊ဘေးဖြစ်ပွားနေစဉ်နှင့်ဘေးဖြစ်ပွားပြီးနောက် (Before,During,After)ဟူ၍အပိုင်း၃ပိုင်းခွဲ၍ဆောင်ရွက်လျက်ရှိပါကြောင်း၊ဘေးမဖြစ်မီအချိန်တွင်မိမိဒေသအတွင်းဆောင်ရွက်နေရသည့်ကဏ္ဍများနှင့်စပ်လျဉ်း၍ကြိုတင်ပြင်ဆင်ခြင်းနှင့်ကြိုတင်ကာကွယ်ခြင်းများ၊ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ဘေးဖြစ်ပွားနေစဉ်ကာလအတွင်းအရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊စားရေရိက္ခာထောက်ပံ့ခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်ဘေးဖြစ်ပွားပြီးချိန်တွင်ဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသည့်အခြေခံအဆောက်အအုံများ၊လမ်းတံတားများ၊ဆက်သွယ်ရေးစနစ်များ၊ဆည်မြောင်း/တာတမံများ၊ပြန်လည်ထူထောင်ခြင်းနှင့်ပြန်လည်တည်ဆောက်ခြင်းများပါဝင်ကြောင်း၊နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုတွင်ဆောက်လုပ်ရေး၊လမ်းပန်းဆက်သွယ်ရေးနှင့်တံတားတည်ဆောက်မှုများသည်မဖြစ်မနေလိုအပ်သည့်အခြေခံအုတ်မြစ်များဖြစ်ကြောင်း၊သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါကအရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန်ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့်လမ်းပန်းဆက်သွယ်ရေးတည်ဆောက်မှုရှိရန်လိုအပ်ပါကြောင်း၊မန္တလေးငလျင်ကြီးကြောင့်ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအပါအဝင်လမ်းပျက်စီးမှုလုပ်ငန်းပေါင်း၆၂၇ခု၊တံတားလုပ်ငန်း၁၈၅ခုပျက်စီးခဲ့ပါကြောင်းနှင့်နေပြည်တော်အပါအဝင်တိုင်းဒေသကြီး/ ပြည်နယ်၈ခုတွင်လည်းလူနေအိမ်နှင့်ရုံးအဆောက်အဦများပြိုကျပျက်စီးခဲ့မှုကြောင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှကျပ်သန်းပေါင်း၈၁,၀၀၀ကျော်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊သဘာဝဘေးအန္တရာယ်များကြောင့်အဆောက်အဦနှင့်လမ်းတံတားကဏ္ဍထိခိုက်ပျက်စီးမှုများသည်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးတွင်အဟန့်အတားဖြစ်စေနိုင်သောကြောင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင်မိမိတို့၏သက်ဆိုင်ရာကဏ္ဍအလိုက်စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ပါကြောင်းပြောကြားသည်။

၎င်းနောက်၂၀၂၅ဘဏ္ဍာရေးနှစ်၊စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိအသက်၈၅နှစ်နှင့်အထက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူသက်ကြီးပုဂ္ဂိုလ်၃၃၁၃ဦးအတွက်လူမှုရေးပင်စင်ထောက်ပံ့ကြေးကျပ်၁၉၀.၇၄သန်း၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သောလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၁၁ခု၊အမျိုးသမီးဂေဟာ၂ခုနှင့်ဘိုးဘွားရိပ်သာ၈ခု၊စုစုပေါင်းဂေဟာ/ရိပ်သာ၂၂ခု၊စေတနာမူလတန်းကြိုကျောင်း၁ကျောင်းနှင့်ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၄၀ကျောင်းတို့အတွက်ထောက်ပံ့ကြေးငွေကျပ်၁၄၈.၃၅၇သန်းနှင့်နေရပ်စွန့်ခွာပြည်သူ၁၀၈၉၁၆ဦးတို့အတွက်ထောက်ပံ့ငွေကျပ်၆၅၃၄.၉၆၀သန်းကိုစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးထံသို့လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမူလတန်းကြိုကျောင်းသို့ သွားရောက်ခဲ့ပြီး ကလေးငယ်များ မူကြိုပညာသင်ကြားနေမှုများအား ကြည့်ရှုခဲ့ပြီး ကလေးငယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ရေဗူးနှင့် မုန့်များပေးအပ်ခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်လူမှုရေးဝန်ကြီးတို့သည်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနစစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမြေနေရာသို့သွားရောက်ကြည့်ရှု၍လိုအပ်သည်များမှာကြားခဲ့ပါသည်။

ထိုမှတဆင့် စစ်ကိုင်းမျက်မမြင်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး အမျိုးသမီး အိပ်ဆောင်ပြန်လည်ဆောက်လုပ်မည့် မြေနေရာ၊ ထမင်းစားဆောင် ဆောက်လုပ်မည့် မြေနေရာ များအား ကြည့်ရှုခဲ့ပါသည်။ မျက်မမြင်ကလေးများ အတန်းပညာ၊ မျက်မမြင် အကြောပြင်အနှိပ် ပညာသင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေးပေးခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR