ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁-၈-၂၀၂၄ ရက်နေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆပ်ကော်မတီအတွင်းရေးမှူးများတက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများနှင့်စပ်လျဉ်း၍ လုပ်ငန်းစီမံချက်ပါကျူးလွန်သူကို တရားစွဲဆိုခြင်း၊ ကလေးသူငယ်များကို အကာအကွယ်ပေးခြင်း၊ လိုအပ်သောထောက်ပံ့ကူညီမှုများပံ့ပိုးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးလုပ်သားစစ်တမ်း ၂၀၂၃-၂၀၂၄ အစီရင်ခံစာအရ အန္တရာယ်ရှိသောလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးသူငယ် ၃၉ ဦးတို့အား လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စိတ်လူမှုပံ့ပိုးမှုများဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အရည်အသွေးပြည့်ဝသော လုပ်သားကောင်းများရရှိစေရေးအတွက်လည်း လူငယ်သင်တန်းကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအတွက် သက်မွေးပညာသင်တန်းများကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီများမှလည်းပူးပေါင်းဆောင်ရွက်ပြီးဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊အသိပညာပေဆွေးနွေးပွဲများအနေဖြင့်လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၃ လပတ်အထိ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ၂၅ ကြိမ်ကို တက်ရောက်သူ ၂၂၁၈ ဦးဖြင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း ကလေးသူငယ်များအတွက်ဆောင်ရွက်ပေးနိုင်သည်များကိုဆွေးနွေးပေးစေလိုကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က အဆိုး ရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေးလုပ်ငန်းကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဒုတိယငါးနှစ်စီမံချက်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများအပြင် စက်ရုံ၊ အလုပ်ရုံများအပါအဝင် ကလေးသူငယ်များ အလုပ်လုပ်နေသည့် နေရာများအထိ သွားရောက်ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ပံ့ပိုးပေးနိုင်မည့်နည်းလမ်းများတွင် အသက်မွေးဝမ်းကျောင်းပညာများကို အသုံးချအလုပ်လုပ်နိုင်သည့်အထိ အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးရန် အလေးပေး၍ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရုံး၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena AjmoneSesseraအားလက်ခံတွေ့ဆုံ
ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် တုံ့ပြန် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအသင်းများလေ့ကျင့်နေမှုကိုကြည့်ရှုအားပေး

MOS

DSW

DDM

DOR