ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးလူမှုရေးဝန်ကြီးတို့သည် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိမြန်မာ့စီးပွားရေးဘဏ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ်နှင့်အသက်(၈၅)နှစ် အထက်သက်ကြီးများကို ထောက်ပံ့သော လူမှုရေးပင်စင်အစီအစဉ်မှအကျိုးခံစားခွင့်ရှိသူများ မြန်မာ့စီးပွားရေးဘဏ်တွင်ထောက်ပံ့ကြေးငွေထုတ်ယူနေမှုများအားကြည့်ရှုအားပေးခဲ့ပါသည်။

ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်  အစီအစဉ်(၂)ရပ်၏ အကျိုးခံစားခွင့်ရှိသူများကို ထောက်ပံ့ကြေး ဖြန့်ဝေပြီး အခြေအနေ လေ့လာဆန်းစစ်ခြင်း(Post Distribution Monitoring – PDM)နှင့် Case Study များပြုလုပ်နေခြင်းတို့ကို ကြည့်ရှုပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အဘိုးအဘွားများ၊ ကိုယ်စားလာရောက်ထုတ်ယူသူတို့အား လက်ဆောင်အဖြစ်တစ်ဦးလျှင် ကြက်ဥနှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးခဲ့ပြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေးများနှင့်  ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်အိမ်တွင်းမှုသက်မွေး သင်တန်းကျောင်းသို့ သွားရောက်ရာ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှုသင်တန်း၊ အခြေခံ၊ အဆင့်မြင့်စက်ချုပ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား/ သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အိမ်တွင်းမှုသင်တန်းများပေးပြီး သင်တန်းသား/သူများ ဘဝအတွက် အကျိုးရှိအောင် အသုံးပြုရေး၊ သင်တန်းသားများအားတိုးမြှင့်သင်ကြားပေးနိုင်ရေး၊ သင်ကြားပေးသောဘာသာရပ်များသည် သမားရိုးကျသင်တန်းများမဟုတ်ပဲ ဆန်းသစ် တီထွင်သည့် အိမ်တွင်းမှုဘာသာရပ်များသင်ကြားနိုင်ရေးနှင့် သင်ကြားရရှိသည့် ဘာသာရပ်များ ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားကြရန်မှာ ကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာကို အခြေခံပြီး တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေး ဖြစ်ထွန်းတိုးတက်လာအောင် ကြိုးစားဆောင်ရွက် စေလိုကြောင်း၊ ထိုမှတစ်ဆင့် မိမိတို့၏ ထုတ်ကုန်များအား ပြည်တွင်းတွင် သုံးစွဲနိုင်ရုံမက နိုင်ငံခြားထုတ်ကုန်များကဲ့သို့ အဆင့်မီအောင် ကြိုးစားစေလိုကြောင်း၊ သင်တန်းဆင်း ကျောင်းသူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆောင်ရွက်နိုင်မှုရှိ-မရှိအား ဆရာမများမှ စဉ်ဆက်မပြတ် ဆန်းစစ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် (၂၅.၂.၂၀၂၅)ရက်နေ့မှ(၆.၃.၂၀၂၅) ရက်နေ့အထိ  ဖွင့်လှစ်လျက်ရှိသော ကျောင်းအခြေပြု ဝါးလက်မှုပစ္စည်းပြုလုပ်နည်းသင်တန်း နှင့် စက်ချုပ်သင်တန်းများတွင် သင်တန်းသား/သူ(၄၂)ဦးတက်ရောက် သင်ကြားလျက်ရှိပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ပုသိမ်မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကလေးများနှင့်တွေ့ဆုံ၍ ကလေးများ၏ဖွံ့ဖြိုးမှုအခြေအနေနှင့် သင်ကြားလေ့ကျင့်နေမှု အခြေအနေတို့ကိုကြည့်ရှုပြီးငယ်စဉ်ကတည်းကအသိပညာနှင့်ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့်လူသားစွမ်းအားစုများဖြစ်ပေါ်စေရေးအတွက်မူကြိုအရွယ်နှင့်သင့်လျော်သည့်လိမ္မာရေးခြားရှိမှု၊ ကိုယ်ချင်းစာတရားရှိမှုစသည်တို့ကိုကလေးများနားလည်နိုင်မှု အခြေအနေ ပေါ်မူတည်၍ ကဗျာ၊ပုံပြင်၊သီချင်းတို့ဖြင့်စနစ်တကျသင်ကြားပေးရမည်ဖြစ်ကြောင်း၊မူကြိုအရွယ်တွင်အခြားသူများကိုဦးစားပေးတတ်သည့်အလေ့အကျင့်၊စည်းလုံးညီညွတ်စွာနေထိုင်တတ်သည့်အလေ့အကျင့်နှင့်မိမိကိုယ်ကိုတန်ဖိုးထားတတ်သည့် စိတ်ဓာတ်ကောင်းများရရှိစေရန်သင်ကြားလေ့ကျင့်ပေးရ မည်ဖြစ်ပြီးမူလတန်းကြိုကျောင်းသည်ကလေးများ၏သင်ယူမှုအခွင့်အလမ်းများအတွက်အခြေခံအုတ်မြစ်များဖြစ်ပါကြောင်း၊ ကလေးငယ်များသည်အနာဂတ်နိုင်ငံ့ခေါင်းဆောင်များ ဖြစ်လာမည့် တိုင်းပြည်၏အဖိုးတန်ရတနာများဖြစ်ပါသဖြင့် သင်ယူမှုပတ်ဝန်းကျင်ကောင်းမွန်စွာဖြင့် အခြေခံ အလေ့အကျင့်ကောင်းများကို မိမိတို့ကလေးများရရှိစေရေးအတွက်ကြိုးပမ်း ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်းတိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ပုသိမ်မြို့လူမှုဝန်ထမ်းရုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဝန်ထမ်းများသည် မိမိတို့၏လုပ်ငန်းတာဝန်များကို‌ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကြိုးပမ်း ဆောင်ရွက်ရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီးစိတ်ဓါတ်ကောင်းများ မွေးမြူနေထိုင်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။         ဝန်ထမ်းများမှ တင်ပြချက်များနှင့်ပတ်သက်၍လည်း လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဝန်ထမ်းစုစုပေါင်း (၅၄)ဦး တက်ရောက်ခဲ့ကြပါသည်။

ထို့နောက်ပြည်‌ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ သိုလှောင်ရုံသို့ရောက်ရှိကာ ကယ်ဆယ်ရေးပစ္စည်း၊ အထောက်အကူ ပစ္စည်း နှင့်အလှူပစ္စည်းများ သို့လှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး  ကယ်ဆယ်ရေးပစ္စည်း များအား ဘေးသင့်ပြည်သူများထံအချိန်မီထောက်ပံ့နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR