ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်းဦးစီးဌာနကဦးစီး၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း- NSPAW Phase II (၂၀၂၃-၂၀၃၂)ကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် Gender Focal Personများနှင့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌  ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီးသက်ဆိုင်ရာဦးစီးဌာန(၄၆)ခုမှ Gender Focal Person (၄၆)ဦးတက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂)ရေးဆွဲနိုင်ရေးအတွက်ဦးဆောင်ကော်မတီ(၁)ခုနှင့် လုပ်ငန်းကော်မတီ(၁၂)ခုကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်နှင့်အညီဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီများအလိုက်စီမံချက်လုပ်ငန်းစဉ်များ ရေးဆွဲခဲ့ပါကြောင်း၊ ယခုအစည်းအဝေးတွင်လက်ရှိရေးဆွဲလျက်ရှိသည့် NSPAW Phase II(၂၀၂၃-၂၀၃၂)၏စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များရေးဆွဲဆောင်ရွက်နေမှုအခြေအနေများနှင့်ရှေ့လုပ်ငန်းစဉ်များကို အသိပေးရန်ဖြစ်ပါကြောင်း၊ အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃)ခုအောက်ရှိကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်သည့်အာဆီယံဒေသတွင်းကဏ္ဍပေါင်းစုံတွင်ကျား၊မရေးရာထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်အား သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် Gender Focal Personများအနေနဲ့မိမိတို့သက်ဆိုင်ရာဌာနများမှာကျား၊မတန်းတူညီမျှရေး၊အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးဆောင်ရွက်မှုများနှင့်  NSPAW Phase II ၏လုပ်ငန်စဉ်အကောင်အထည်ဖော်မှုများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်အတွက်ကျား၊မရေးရာတာဝန်ခံများ၏(ToR)များကိုသတ်မှတ်နိုင်ရေးဆွေးနွေးပေးလိုကြောင်း လမ်းညွှန်မှာကြားသွားပါသည်။

ဆက်လက်၍ အစည်းအဝေးကိုကျင်းပခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးကအာဆီယံဒေသတွင်းကဏ္ဍပေါင်းစုံတွင်ကျား၊မရေးရာထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်နှင့် NSPAW ရေးသားရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့်  Gender Focal Person များအတွက် ToRများ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ရာ တက်ရောက်လာကြသည့်သက်ဆိုင်ရာများမှGender Focal Person များက NSPAW Phase IIလုပ်ငန်းစဉ်များအကောင်အထည်ဖော်မှုကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်အတွက်ကျား၊မရေးရာတာဝန်ခံများ၏(ToR)နှင့် စပ်လျဉ်း၍  ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြား၍အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်တက်ရောက်နေသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှာစကားပြောကြား
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း

MOS

DSW

DDM

DOR