ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ဆန်နှင့် ဂျုံများထောက်ပံ့လှူဒါန်းလိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ်လာမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ စုစုပေါင်း ဆန်တန်ချိန်(၁၀,၀၀၀)တန်နှင့် ဂျုံတန်ချိန်(၂၀၀)တန်တို့ကို လက်ခံနိုင်ရေးစီစဉ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများအနက် ဆန်တန်ချိန် (၇၅၆၀) ပါရှိ သည့် ကုန်သေတ္တာ (၂၈၀)လုံးသည် Asia World ဆိပ်ကမ်းနှင့် ဆန်(၂၄၄၀)တန်ပါရှိသည့် ကုန်သေတ္တာ(၉၀)လုံးသည် Myanmar Industry Port(MIP) ဆိပ်ကမ်းသို့ (၁၇-၃-၂၀၂၂) ရက်နေ့တွင် လည်းကောင်း၊ ဂျုံတန်ချိန်(၂၀၀) ပါရှိ သည့်ကုန်သေတ္တာ(၉)လုံးမှာ(၃၀-၃-၂၀၂၂)နေ့တွင် MIP ဆိပ်ကမ်းသို့လည်းကောင်း အသီးသီးဆိုက်ကပ် ရောက်ရှိလာရာ ဆန်နှင့်ဂျုံများ ထုတ်ယူနိုင်ရေး အတွက် သွင်းကုန်ပါမစ်၊ အကောက်ခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရရှိရေး၊ အထူးအမိန့် (Special Order) ဖြင့် ထုတ်ယူခွင့်နှင့် Delivery Order ရရှိရေး ကိစ္စများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး (၅-၄-၂၀၂၂) ရက်နေ့မှ (၁၁-၄-၂၀၂၂) ရက်နေ့အထိ ဆန်ကုန်သေတ္တာ (၄၇)လုံး (ဆန်အိတ်ပေါင်း-၂၅,၃၅၄ အိတ်)၊ ဂျုံကုန်သေတ္တာ(၉)လုံး (ဂျုံအိတ်ပေါင်း-၄,၀၀၀ အိတ်) တို့ကို ထုတ်ယူခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)မှ တဆင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း စားနပ်ရိက္ခာ အခက်အခဲရှိသော ပြည်သူများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး  ထုတ်ယူ ရန်ကျန်ရှိသည့် ဆန်နှင့်ဂျုံများကို အမြန်ဆုံးဆက်လက်ထုတ်ယူ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထုတ်ယူဖြန့်ခွဲမှု သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ရန်ပုံငွေ(GRF)မှ ခွင့်ပြုချက်ဖြင့် ကျခံသုံးစွဲ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းသတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR