ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသားအဆင့်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်တို့မှတာဝန်ရှိသူများ၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အပါအဝင်တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ကလေးများသည်အနာဂတ်နိုင်ငံတော်၏ မျိုးဆက်သစ်များဖြစ်၍ကလေးများအတွက်ဖွံ့ဖြိုးတိုးတက်ရေး၊ကျန်းမာရေး၊အာဟာရ၊တစ်ကိုယ်ရည်သန့်ရှင်းရေး၊ပညာရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများတွင် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအားဖြင့်မိသားစုနှင့် ရပ်ရွာအတွက်ပိုမိုကောင်းမွန်သည့် အနာဂတ်ဘဝများရရှိစေရန်သာမကနိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုရရှိစေမှာဖြစ်ပါကြောင်း၊ မွေးစမှ(၈)နှစ်အရွယ်ကလေးများ၏ဖွံ့ဖြိုးရေးသည်အလွန်အရေးကြီးသောကြောင့်စနစ်တကျနှင့် နည်းလမ်းမှန်ကန်စွာပြုစုစောင့်ရှောက်ပေးခြင်းဖြင့်ကလေးများ၏ဘဝအတွက်အခြေခံအုတ်မြစ်ကောင်းများရရှိစေမှာဖြစ်ပါကြောင်း၊မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒပါလုပ်ငန်းစဉ်များကိုသက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအကြားယခုထက်ပို၍ ချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း၊ ယနေ့အစည်းအဝေးတွင်နှစ်အလိုက်ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ပြီးကော်မတီဝင်သက်ဆိုင်ရာဌာနများ၏အကြံပြုချက်များနှင့်အညီ ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ရေးဆွဲရန်လိုပါကြောင်း၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်းရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးအခြေအနေလွှမ်းခြုံမှုနှင့်ပတ်သက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်အသက်(၆)လမှ(၈)နှစ်အရွယ်အထိ၃၅.၂၄ရာခိုင်နှုန်းရှိပါကြောင်း၊ ၎င်းအနက်အသက်(၃)နှစ်မှ(၅)နှစ်အထိ၂၂.၄၄ရာခိုင်နှုန်းရှိပြီးအသက် (၆)နှစ်မှ (၈)နှစ်အထိ ၈၃.၁ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရပါကြောင်း၊ထို့ကြောင့်မြို့နယ်တစ်မြို့နယ်တွင်စံပြမူလတန်းကြိုကျောင်းတစ်ကျောင်းရှိရန်လိုအပ်သောကြောင့်ဆောက်လုပ်နိုင်ရေးစီမံကိန်းကိုထည့်သွင်းရေးဆွဲထားပါကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့၏ရန်ပုံငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကိုအတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီးရန်ပုံငွေထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့ကိုလည်းဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့်ကောက်ခံရမည့်အခကြေးငွေများအတွက်ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ရယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီးတိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့်လည်းထုတ်ပြန်ထားပြီးဖြစ်သည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူအမျိုးသားအဆင့်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်ဒုတိယဝန်ကြီးများနှင့် အဖွဲ့ဝင်များကရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခြင်း၊တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများကိုယ်စားနေပြည်တော်ကောင်စီ၊လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးကနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင်ကလေးသူငယ်ဖွံ့ဖြိုးရေးကဏ္ဍဆောင်ရွက်နေမှုများကိုတင်ပြခြင်းနှင့်တက်ရောက်လာသူများကအထွေထွေဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ပြီးပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်တက်ရောက်နေသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှာစကားပြောကြား
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း

MOS

DSW

DDM

DOR