ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Gender/CEDAW/AGMSF/ NSPAW/UNSCR 1325အသိပညာပေးသင်တန်းအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၅)ခုမှသင်တန်းသားကိုယ်စားလှယ်အရာထမ်း၊အမှုထမ်းများ၊လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်းသင်တန်းသား၊ သင်တန်းသူများစုစုပေါင်း (၃၅)ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဖြစ်၍အရေးကြီးပါကြောင်း၊နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံလူဦးရေထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်မှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ပြည့်စုံမှုရှိနိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသမီးအခွင့်အရေးများကာကွယ်စောင့်ရှောက်ခြင်း၊အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့်အခွင့်အလမ်းများတန်းတူခံစားရရှိနိုင်စေခြင်းသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များသို့အလျင်အမြန်အရောက်လှမ်းနိုင်ရန်အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါကြောင်း၊အမျိုးသမီးများ၏ လူမှုဘဝတွင်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများ၊ထိပါးနှောက်ယှက်မှုများ၊အလွဲသုံးမှုများ၊  ခွဲခြားနှိမ့်ချမှုများ လျော့နည်းပပျောက်စေရေးဆောင်ရွက်နိုင်ရန် မီဒီယာကဏ္ဍသည်  အရေးပါသည့်နယ်ပယ်တစ်ခုဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်းနယ်ပယ်(၁၂)ရပ်တွင် အမျိုးသမီးနှင့်မီဒီယာလုပ်ငန်းနယ်ပယ်တစ်ခုပါဝင်ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Focal အဖြစ်တာဝန်ယူထားပါကြောင်း၊ ယနေ့သင်တန်းကိုအမျိုးသမီးအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကိုပိုမိုသိရှိနားလည်၍စွမ်းဆောင်ရည်မြင့်မားရေး၊ ကဏ္ဍစုံမှာကျား၊မဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက် ၀န်ကြီးဌာနများအချင်းချင်းပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းစေရန်နှင့် သက်ဆိုင်ရာဌာနများတွင် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များတွင်  Gender Mainstreaming ကိုအကောင်အထည်ဖော်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှရရှိသည့်ဗဟုသုတများဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှချမှတ်ဆောင်ရွက်လျက်ရှိသည့် ပင်မလုပ်ငန်းအစီအစဉ်များ၊စီမံကိန်းများတွင် ကျား၊မရေးရာအမြင်ဖြင့်အလေးထားဆောင်ရွက်သွားကြရန်၊အမျိုးသမီးများအနေဖြင့် မီဒီယာနှင့်သတင်းအချက်အလက်အသုံးပြုပြီးစွမ်းဆောင်ရည်တိုးတက်မြင့်မားကာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါကြောင်း၊ယခုဖွင့်လှစ်သောသင်တန်းကရရှိသည့်ဗဟုသုတ၊အသိပညာများကိုလက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသား/သင်တန်းသူများက မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီးသင်တန်းကို ညနေ(၀၆:၀၀)နာရီတွင် ပြီးမြောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်တက်ရောက်နေသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှာစကားပြောကြား
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း

MOS

DSW

DDM

DOR