ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ



မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကိုယနေ့နံနက်(၀၉း၀၀)နာရီအချိန်ကနေပြည်တော်၊ Horizon Lake View ဟိုတယ်၊သရဖီခန်းမ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ဂုဏ်ထူးဆောင်နာယက  ဒေါ်ကြူကြူလှနှင့်အကြီးအကဲ(၂)ဉီး၏ဇနီးတို့က တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၁၉၉၅ ခုနှစ် ဘေဂျင်းကြေညာစာတမ်းအရ အမျိုးသမီးများအား ကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးတွင်ပါဝင်ခွင့်ရရှိစေရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ခုနှစ်၊ဇူလိုင်လ(၃)ရက်နေ့တွင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအနေနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှာအဖွဲ့ဝင်အဖြစ်တက်ကြွစွာဆောင်ရွက်ပေးနေသလိုပြည်ထောင်စုအဆင့်မှာသာမကလက်ရှိဖွဲ့စည်းထားပြီးဖြစ်တဲ့တိုင်းဒေသကြီး၊ပြည်နယ်နှင့်ခရိုင်တို့မှာလည်းအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအဖွဲ့များဖွဲ့စည်းပြီးတက်ကြွစွာပါဝင်ဆောင်ရွက်နေကြပါကြောင်း၊လက်ရှိနိုင်ငံတော်ကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်လည်း အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(၁၇)ခုအနက်မှ ပန်းတိုင်(၅)ဖြစ်သည့် ကျား၊မ တန်းတူညီမျှမှုကို ရရှိရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအားလုံးကို စွမ်းဆောင်ရည် မြှင့်တင်ရန်ဆိုသည့် ရည်မှန်းချက်နှင့်စပ်လျဉ်းသည့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃)ခုအောက်ရှိကဏ္ဍပေါင်းစုံမှအဖွဲ့အစည်းများကအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ASEAN Gender Mainstreaming Strategic Framework- AGMSF (2021-2025)ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း ဤအသင်းကပါဝင်လျက်ရှိပါကြောင်း၊ကိုဗစ်-၁၉ကာလအတွင်းကျေးလက်နေအမျိုးသမီးများအတွက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစီမံချက်ကိုဆောင်ရွက်ရာတွင်လည်းမြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းကအိမ်တွင်းလက်မှုထည်ပစ္စည်းများထုတ်လုပ်ခြင်း  (ဝါးလက်မှု) သင်တန်းပေးခြင်းတွင်ပံ့ပိုးပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်နေပြည်တော်လယ်ဝေးမြို့နယ်၊သာယာကုန်းကျေးရွာနှင့်တပ်ကုန်းမြို့နယ်၊သကြားဟင်းအိုးကျေးရွာတို့မှာရှိသည့်ဒေသခံအမျိုးသမီးဦးဆောင်သူ(၂၀)ဦးအတွက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းနည်းပညာများရရှိပြီးဝင်ငွေရအလုပ်အကိုင်များဖန်တီးပေးနိုင်ခဲ့ကြောင်း၊၎င်းအပြင်အမျိုးသမီးများ အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်ပြီး ပိုးချည်ဖြင့် ပန်းခြောက်ပြုလုပ်နည်းသင်တန်း၊အခြေခံစက်ချုပ်သင်တန်း၊ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းသင်တန်း၊စိုက်ပျိုးမွေးမြူရေးသင်တန်းများကိုဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက်အမျိုးသမီးကဏ္ဍဖွံ့ဖြိုးရေးအတွက်များစွာဂုဏ်ယူပါကြောင်း၊၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅.၈ သန်းရှိပြီး၊ အမျိုးသားဦးရေ ၂၆.၇ သန်းနှင့် အမျိုးသမီးဦးရေမှာ ၂၉.၁ သန်းရှိသောကြောင့် အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် ၂ သန်းကျော်ပိုမိုများပြားလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အမျိုးသမီးစွမ်းအားစုကြီး၏ စွမ်းဆောင်ပါဝင်မှုကို ထိထိရောက်ရောက်ရယူနိုင်ရန် လိုအပ်သကဲ့သို့ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီတွင်ပါဝင်သည့်အမျိုးသမီးအဖွဲ့များအားလုံးကစုစည်းညီညွတ်စွာဖြင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌဒေါက်တာဝေဝေသာကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းလှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကိုပြသပါသည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (၁၀)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင်အလှူရှင်များ၏လှူဒါန်းမှုများကိုဂုဏ်ပြုမှတ်တမ်းတင်ကြေညာခဲ့ပါသည်။

အစီအစဉ်ဒုတိယပိုင်းတွင်မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းပြည်ထောင်စုနယ်မြေနေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အသင်းဝင်များ၊တာဝန်ရှိသူများနှင့်၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၈)ရက်နေ့တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအသစ်ပြဌာန်းလိုက်သောအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်ပတ်သက်၍အသိပညာပေးအစီအစဉ်များနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအားဆွေးနွေးပြောကြားခဲ့ကြပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR