ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊စွမ်းအင်ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍  လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရဲရွာခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကယနေ့ကမ္ဘာ့နိုင်ငံများတွင် ဘေးအန္တရာယ်ဖြစ်ပွားမှုများသည် ပိုမိုပြင်းထန်လာပြီးလျှပ်စစ်၊ စွမ်းအင်ကဏ္ဍထိခိုက် ပျက်စီးမှုများကြုံတွေ့နေရကြောင်း၊ ဘေးအန္တရာယ်များကြောင့်လည်းစွမ်းအင်နှင့်လျှပ်စစ်အသုံးပြုမှုစနစ် ပျက်စီးခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းပျက်စီးပေါက်ကွဲခြင်း၊ မီးလောင်ခြင်းများနှင့်နျူကလီးယားမတော်တဆမှုများကဲ့သို့ဘေးအန္တရာယ်များလည်းထပ်ဆင့်ဖြစ်ပေါ်စေနိုင်ကြောင်း၊ကမ္ဘာ့နိုင်ငံများတွင်သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံတွင်လည်း၂၀၂၃ ခုနှစ်၊ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၃,၆၀၀ ကျော်၊၂၀၂၄ ခုနှစ်၊ တိုင်ဖွန်းမုန်တိုင်းရာဂီနဲ့ ဆက်စပ်ရေကြီးရေလျှံမှုများကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၂၂,၀၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း၊ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံပြုပြင်ခြင်းနှင့် Rotor Pole များပြုပြင်ခြင်းအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှငွေကျပ်သန်းပေါင်း ၄၀,၀၀၀ ကျော်ကျခံဆောင်ရွက်ပေးခဲ့ကြောင်း၊လတ်တလောကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း (၁၅၃,၀၀၀)ကျော်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးစွမ်းအင်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း၃၄၀ ကျော်ဆုံးရှုံးခဲ့ကြောင်း၊လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင်ဘေးဒဏ်ခံနိုင်ရည်ရှိသောအခြေခံအဆောက်အအုံများတည်ဆောက်ရန် လိုအပ်သကဲ့သို့စွမ်းအင်ထုတ်လုပ်သိုလှောင်မှုနည်းစနစ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လွှတ်၊ ဖြန့်ဖြူးမှုများတွင်လည်းခေတ်မီနည်းပညာများနှင့့် ဆောင်ရွက်ထားနိုင်မှသာဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားမှုကိုမလျှော့ချနိုင်သော်လည်းဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သောထိခိုက်ဆုံးရှုံးနိုင်ခြေများကိုလျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်အတွက် လိုအပ်သောကြိုတင်ပြင်ဆင်မှုများကိုကဏ္ဍတိုင်းတွင်ထည့်သွင်းဆောင်ရွက်ရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။                                                 

ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင်ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံအတွင်းဘေးအန္တရာယ်များကြုံတွေ့လာပါကထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့အနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကိုတိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ်များအလိုက် စီမံဆောင်ရွက်ထားရှိပါကြောင်း၊ မကြာသေးမီကဖြစ်ပွားခဲ့သောမန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍများတွင် ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရာ လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊   ယနေ့ကျင်းပသည့်လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန် စီမံထားရှိမှုများ၊ ဆောင်ရွက်သင့်သည်များကိုဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ယခုဆွေးနွေးပွဲရလဒ်များကိုအသုံးချပြီးနောင်တွင်ကြုံတွေ့လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။           စကားဝိုင်းဒုတိယပိုင်းအစီအစဉ်ကိုဆက်လက်ကျင်းပရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာပညာရှင်များကကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီးဝန်ကြီးဌာနများမှ အရာထမ်း၊အမှုထမ်း(၁၅၀)ဦးတက်ရောက်ကာသိရှိလိုသည်များအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့

MOS

DSW

DDM

DOR