ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးကြည်သည်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Junဦးဆောင်သောအဖွဲ့အားယနေ့နံနက်ပိုင်း (၁၁:၃၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် UNHCR အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး၏ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်းတွေ့ရှိချက်များ၊ လတ်တလောရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူများအတွက် နိုင်ငံတော်နှင့်ဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးလျက်ရှိမှုများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ဝန်ကြီးဌာနနှင့် UNHCR တို့အကြားနားလည်မှုစာချွှန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်တက်ရောက်နေသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှာစကားပြောကြား
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း

MOS

DSW

DDM

DOR