ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးကြည်သည်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Junဦးဆောင်သောအဖွဲ့အားယနေ့နံနက်ပိုင်း (၁၁:၃၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် UNHCR အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး၏ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်းတွေ့ရှိချက်များ၊ လတ်တလောရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူများအတွက် နိုင်ငံတော်နှင့်ဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးလျက်ရှိမှုများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ဝန်ကြီးဌာနနှင့် UNHCR တို့အကြားနားလည်မှုစာချွှန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR