ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ယနေ့မွန်းလွဲပိုင်းတွင်ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) ဝန်းအတွင်းရှိ မြေကွက်လပ်နေရာသို့သွားရောက်၍ ငလျင်ဘေးသင့်ဒေသများ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောအိမ်ရာများ၊ ရုံးများ၊ အဆောက်အဦများတည်ဆောက်ဆဲကာလတွင် ယာယီအသုံးပြုလျှက်ရှိသောတရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းထားသည့်ယာယီအိမ်ရာများ၊ (Container House)၊ ယာယီရုံးများ(Container  Office)များကိုအမြဲတမ်းအဆောက်အဦများဆောက်လုပ်ပြီးစီးသွားပါကစနစ်တကျပြန်လည်သိမ်းဆည်းထားရှိနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် သိုလှောင်ရုံဆောက်လုပ်နိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။

ပြည်ထောင်စုဝန်ကြီးကရေဝင်/ရေဝပ်နိုင်သည့်နေရာဖြစ်သောကြောင့် သိုလှောင်ရုံကိုရေလွတ်နိုင်သည့်အမြင့်အထိဆောက်လုပ်နိုင်ရေး၊သိုလှောင်ရုံဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်း  နှင့်ညီညွှတ်မှုရှိစေရေး၊ မြေအခြေအနေနှင့် သိုလှောင်ထားရှိမည့် Container များ၏ ခံနိုင်ဝန်တို့ ကို စနစ်တကျတွက်ချက်၍ ရေရှည်အသုံးပြုနိုင်ပြီး စက်ယန္တရားများဖြင့် သယ်ဆောင် အတင် အချပြုလုပ်နိုင်သည့် ပုံစံဒီဇိုင်းနှင့် အကျယ်အဝန်းရှိသည့် သိုလှောင်ရုံများ ဖြစ်စေရေး အဖက်ဖက်မှ ထည့်သွင်းတွက်ချက်တင်ပြရန်မှာကြားပြီးလိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR