ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းအဖွဲ့အစည်းအဝေး နှင့် ဆက်စပ်အစည်းအ‌ဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီက ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည် တက်ရောက်အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက အစည်းအဝေးသည် အာဆီယံဒေသတွင်း ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဟူသည့် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (ACDM)၏ ကတိကဝတ် ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အာဆီယံသည် လွန်ခဲ့သော ဆယ်စုနှစ် လွန်ကာလများက နိုင်ငံရေးနှင့် စီးပွားရေးကို အလေးထားဆောင်ရွက်ရာမှ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍကိုပါ အလေးပေးဆောင်ရွက်လာကာ အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM)ကို ဖွဲ့စည်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်အရေးပေါ် တုံ့ပြန်မှု ဆိုင်ရာအာဆီယံသဘောတူစာချုပ် (AADMER)ကိုအတည်ပြုပြဌာန်းခြင်း၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအတွက်လူသားချင်းစာနာကူညီမှုဆိုင်ရာအာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) တည်ထောင်ခဲ့ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊ အာဆီယံဒေသတွင်း အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ASEAN Emergency Response and Assessment Team (ASEAN-ERAT)ကိုမွေးထုတ်နိုင်ခြင်း၊ Disaster Emergency Logistics System for ASEAN (DELSA) Phase IV Projectကို အကောင်အထည်ဖော်၍ ကယ်ဆယ်ရေး ပစ္စည်းများကို အသင့်သိုလှောင်ထားရှိခြင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အရေးပါသော စာတမ်းများရေးဆွဲ/ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်‌ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် နည်းဥပဒေကို ၂၀၁၃ခုနှစ်နှင့် ၂၀၁၅ခုနှစ်တွင် အသီးသီးပြဋ္ဌာန်းခဲ့ပါကြောင်း၊ ACDM အနေဖြင့် ASEAN Agreement on Disaster Management and Emergency Response (AADMER)Work Programme ကို အသစ်ပြန်လည်ရေးဆွဲနေပြီဖြစ်သောကြာင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ခေတ်နှင့်အညီ ဆန်းသစ်ထိရောက်သည့် အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်း အရင်းအမြစ်များအရ အမှန်တကယ်အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းအစီအစဉ်များကို ထည့်သွင်းရေးဆွဲ နိုင်ရေးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် (၉)ကြိမ်မြောက် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ရေးနှင့် ပြန်လည် ကုစားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအ‌ဝေးများကိုဆက်လက် ကျင်းပပြု လုပ်ခဲ့ကြပြီး အစည်းအဝေးသို့ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် အိမ်ရှင်မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် စင်ကာပူနိုင်ငံ၊ လုပ်ငန်းအဖွဲ့အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရုစလမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာအကူအညီပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre)တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံနှင့် လေ့လာသူအဖြစ် တီမောလက်စတေနိုင်ငံတို့က Online ဖြင့်တက်ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေးများကို မတ်လ (၂၀)ရက်နေ့မှ (၂၁) ရက်နေ့အထိ (၂) ရက်ကြာကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR