ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကိုယနေ့ မွန်းလွဲပိုင်းတွင် ရုံးပရဝုဏ်၌ ကျင်းပပြုလုပ်ခဲ့ရာထမနဲထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများပါဝင်တက်ရောက်၍ အားပေးခဲ့ကြပါသည်။

အဆိုပါ ထမနဲထိုးပွဲကိုအန္တရာယ်ကင်း၍ ကျန်းမာချမ်းသာပါစေခြင်းအကျိုးငှာတပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရားနှင့် သံဃာတော်များအားရည်စူး၍(ထမနဲ) ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်နိုင်ရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကောင်းများကိုထိန်းသိမ်းရန်၊ မိတ်ဆွေသင်္ဂဟများကိုဝေငှကျွေးမွေးနိုင်ရန်နှင့် ဝန်ထမ်းမိသားစုများအားလုံးစည်းစည်းလုံးလုံးချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွသုံးဆောင်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး  ၎င်းထမနဲထိုးပွဲကိုဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ဝန်ထမ်းအင်အား (၃၀၀) ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

MOS

DSW

DDM

DOR