ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မီးဘေးလုံခြုံရေးကြိုတင်ကာကွယ်မှု အသိပညာပေးဆင့်ပွား သင်တန်း လက်တွေ့သရုပ်ပြခြင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများက  ကြည့်ရှုအားပေးခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်လျက်ရှိသော မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်မှုအသိပညာပေး ဆင့်ပွားသင်တန်းတွင် ဉတ္တရသီရိမြို့နယ်၊ မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် အဖွဲ့၏ မီးသတ်ဆေးဗူးအသုံးပြုပုံများ အဆင့်ဆင့်၊ အိမ်တွင်းမီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်း၊ လက်တွေ့ Gas မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ဆီ မီးငြိမ်းသတ်ခြင်း၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းစသည့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။

ယခုကဲ့သို့ မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်မှု အသိပညာပေးဆင့်ပွားသင်တန်းကို မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးကို အစဉ်လိုက်နာစေရန်၊ မီးလောင်မှုဖြစ်ပွားလာပါက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းအိမ်ရာများနှင့် မိမိတို့ရုံးဌာနတွင် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်၊ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်ရေးစီမံချက်အတိုင်း လုပ်ငန်းတာဝန်များ သိရှိလိုက်နာဆောင်ရွက်ရန်နှင့် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် မီးဘေးလုံခြုံရေးအသိကို ဝန်ထမ်းတိုင်းသိရှိတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အင်အား ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR