ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မီးဘေးလုံခြုံရေးကြိုတင်ကာကွယ်မှု အသိပညာပေးဆင့်ပွား သင်တန်း လက်တွေ့သရုပ်ပြခြင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများက  ကြည့်ရှုအားပေးခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်လျက်ရှိသော မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်မှုအသိပညာပေး ဆင့်ပွားသင်တန်းတွင် ဉတ္တရသီရိမြို့နယ်၊ မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် အဖွဲ့၏ မီးသတ်ဆေးဗူးအသုံးပြုပုံများ အဆင့်ဆင့်၊ အိမ်တွင်းမီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်း၊ လက်တွေ့ Gas မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ဆီ မီးငြိမ်းသတ်ခြင်း၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းစသည့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။

ယခုကဲ့သို့ မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်မှု အသိပညာပေးဆင့်ပွားသင်တန်းကို မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးကို အစဉ်လိုက်နာစေရန်၊ မီးလောင်မှုဖြစ်ပွားလာပါက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းအိမ်ရာများနှင့် မိမိတို့ရုံးဌာနတွင် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်၊ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်ရေးစီမံချက်အတိုင်း လုပ်ငန်းတာဝန်များ သိရှိလိုက်နာဆောင်ရွက်ရန်နှင့် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် မီးဘေးလုံခြုံရေးအသိကို ဝန်ထမ်းတိုင်းသိရှိတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အင်အား ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR