ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးက၂၀၂၃-၂၀၂၄ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင်ဝိဇ္ဇာဘာသာတွဲ၌အမှတ်အများဆုံးရရှိခဲ့သည့်မဝင်းလက်တွယ်တာအားယနေ့နံနက်(၁၀:၀၀)နာရီတွင်နေပြည်တော်၊ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး၊ မေခလာခန်းမ၌ ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခဲ့ပါသည်။

ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများကတက်ရောက်ခဲ့ကြပါသည်။ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်းအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူတို့ကရင်းရင်းနှီးနှီးနှုတ်ဆက်၍ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR