ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာ လက်အောက်ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို (.၁၀.၂၀၂၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာန()ခုမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။

            ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောရာတွင် ဝန်ကြီးဌာနအနေဖြင့်ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားခဲ့သည့်ကာလအတွင်း  စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံမှု()ကြိမ်ပြုလုပ်ခဲ့ပြီး၊ ၎င်းတို့တွေ့ကြုံရသည့် လိုအပ်ချက်အခက်အခဲများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အချိန်မီတင်ပြခြင်း၊ တင်ပြချက်များနှင့် စပ်လျဉ်း၍ ကော်မတီမှ ဖြည့်ဆည်းပေးခြင်းများကို စေတနာ့ဝန်ထမ်းများထံ ပြန်လည်အသိပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးများမှ ခရိုင်၊ မြို့နယ်အဆင့်ထိ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းမှာ ဇွန်လဆန်းပိုင်းမှစတင်၍ ဇူလိုင်လ တတိယပတ်တွင် အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း၊ ယခုချိန်တွင် ကူးစက်နှုန်းမှာ (၁၀) ရာခိုင်နှုန်းအောက်လျော့နည်းသွားပြီ ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများနှင့် မိမိတို့ဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပြည်သူလူထုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်၍သာ ယခုကဲ့သို့ ကူးစက်နှုန်းကျဆင်းခြင်း ဖြစ်ပါကြောင်း၊ စတုတ္ထလှိုင်းမဖြစ်ပေါ်စေရန်အတွက် ကာကွယ်ဆေးထိုးခြင်းမှာ အရေးကြီးသည့်အတွက် နိုင်ငံတော်မှ အကုန်အကျခံ၍ ကာကွယ်ဆေးများဝယ်ယူကာ ထိုးနှံပေးလျက်ရှိပါကြောင်း၊ စက်တင်ဘာ(၂၀/၂၁/၂၂) ရက်နေ့များတွင်  စေတနာ့ဝန်ထမ်း များနှင့်ထပ်မံတွေ့ဆုံ၍ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အနေဖြင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်လျက်ရှိရာတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အသက် (၁၂) နှစ်မှစတင်၍ (၁၈) နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကာကွယ်ဆေးထိုးနိုင်ရေး ဆောင်ရွက်ထားပါကြောင်း၊ သက် ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင်၍ စီမံချက်အတိုင်းဆောင်ရွက်ကြပါရန်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် လုပ်ငန်းစီမံချက်များကို မိမိတို့၏ ခရိုင်၊ မြို့နယ်များအား ထပ်ဆင့်ရှင်းလင်းပြီး ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက စေတနာ့ဝန်ထမ်းများနှင့် ပတ်သက်၍ တင်ပြချက်များ၊ ပံ့ပိုးမှုများ၊ ယုံကြည်မှု တည်ဆောက်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းများမှာ အခကြေးငွေ မယူဘဲ မြင့်မြတ်စွာ လုပ်ဆောင်နေခြင်းဖြစ်၍ ၎င်းတို့၏ မွန်မြတ်သောလုပ်ရပ်အတွက် မိမိတို့ ဝန်ထမ်းများအနေဖြင့် အလေးထားလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းနှင့် ပြည်သူများကြားတွင် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

           လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်က ရှင်းလင်းတင်ပြရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစီမံချက်အား ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့မိသားစုဝင်အနာဂတ်ကလေးများအား ကာကွယ်ရန်ဖြစ်၍ မဖြစ် မနေလုပ်ရမည် ဖြစ်ပါကြောင်း၊ မူလတာဝန်များကိုလည်း မမေ့ကြရန်နှင့် မိုးနှောင်းကာလတွင် မိုးများခြင်း၊ မုန်တိုင်းဖြစ်လာပါက မွန်၊ ကရင်၊ တနင်္သာရီနှင့် ပဲခူးတို့တွင်ရေကြီးနိုင်ပြီး လာနီညာအား အမြဲမပြတ် စောင့်ကြည့်လေ့လာရန် လိုအပ်ပါကြောင်း၊ ဖြစ်နိုင်ချေ (၆၀) ရာခိုင်နှုန်း ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ ငလျင်နှင့်ပတ်သက်၍ ကာကွယ်ရန် ရန်ကုန်၊ မန္တလေး၊ ပဲခူးတို့တွင် ပညာပေးဇာတ်တိုက်ဆောက်ရွက်ရန်၊ ဗီနိုင်းဆောင်ရွက်မှု အခြေအနေများအား တင်ပြရန်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှလည်း ဝိုင်းဝန်းကူညီရန် တိုက်တွန်းလိုပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

          လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် ကလေးများ၏ ပညာရေးစဉ်ဆက်မပြတ်သင်ကြားနိုင်ရေး ကာကွယ်ဆေးထိုးကြရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်တက်လာပါက ရောဂါဖြစ်ပွားမှုအား ကာကွယ်နိုင်မည်ဖြစ်သဖြင့် အမျိုးသားရေး တာဝန်တစ် ရပ်အနေဖြင့် အားစိုက်ဆောင်ရွက်ရန် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆေးထိုးလွှမ်းခြုံမှုမြင့်တက်လာပါက အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း နှင့် မိမိတို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ထမ်းများမှ စေတနာ့ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေးတို့နှင့် လက်တွဲညီစွာ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြစေလိုပါကြောင်း၊  လုပ်ငန်းစီမံချက်ဆောင်ရွက်ရန်အဆင့်အား အသေးစိတ် Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဦးစီးဌာန()ခုမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများမှ ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ် သက်သည့် မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် တာဝန်ခွဲဝေ လုပ်ဆောင်နေမှုများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR