၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၁၁ ရက်၊ နံနက် ၀၉:၀၀နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ၊ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်း ဦးဆောင်သော လူမှုဝန်ထမ်းမိသားစု ဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားအား မန္တလေးတိုင်းဒေသကြီး ကလေးပြုစုရေးဌာန ( ၃ ) ထပ်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်တိုက်ဘုန်းတော်ကြီးကျောင်း မှ သံဃာတော် (၁၅)ပါးအား လှူဒါန်းဖွယ်ရာပစ္စည်းမျိုးစုံနှင့် ဝတ္ထုငွေ စုစုပေါင်းကျပ် ၁၁,၈၅၄,၁၀၀/- (ကျပ်တစ်ရာတစ်ဆယ့်ရှစ်သိန်းငါးသောင်းလေးထောင့်တစ်ရာတိတိ)အား ကပ် လှူခဲ့ပြီး ကထိန်တရားတော်နာခြင်း၊ ရေစက်သွန်းချ ခြင်းအခမ်းအနားကို တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ဌာနငယ်/သင်တန်းကျောင်းများ၊ မူလတန်းကြိုကျောင်း များမှ ဝန်ထမ်းများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ပင်စင်အငြိမ်းစား ဆရာ/ ဆရာမကြီးများနှင့်အတူ  စည်းကားသိုက်မြိုက်စွာဖြင့်  ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR