၁၂-၆-၂၀၂၆ ရက်၊ နံနက် ၀၉:၃၀ နာရီအချိန်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ရပ်ရွာအခြေပြုပန်းအလှပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာယကနှင့် ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးကော်မတီဝင်များ၊ သင်တန်းသူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စွမ်းပကား အရည်အသွေးမြှင့်တင်နိုင်ရေး၊ မိမိကိုယ်ကိုယုံကြည်မှုရရှိစေရေး၊ မိမိ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရေးနှင့် မိမိတို့ရပ်ရွာအတွင်း ပွဲလမ်းသဘင်အခမ်းအနားများတွင် မိမိတို့ တတ်ကျွမ်းသော ပညာရပ်များဖြင့် အလှဆင်နိုင်ခြင်းတို့ဖြစ်ပါသည်။









