ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ မတ်လ (၂၀) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျား/မရေးရာ အခြေခံသဘောတရားများအကြောင်း (Gender)၊ အမျိုးသမီးများအားခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကြောင်း (CEDAW)နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အကြောင်း (NSPAW)တို့အား အသိပညာပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောလင်းအောင်က ကျေးဇူးတင်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းမှ တာဝန်ရှိသူများက Gender, CEDAW,NSPAW အကြောင်းအသိပညာပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေကြီး အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ မွန်တိုင်းရင်းသား၊ တိုင်ရင်းသူများ၊ အမှတ်(၉)အခြခံပညာအထက်တန်း၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ

MOS

DSW

DDM

DOR