လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနလျှိုပိတ်ဆည်၌ ကျင်းပသည်။

ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

အခမ်းအနားကျင်းပရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့နှင့်အတူ ဒုတိယဝန်ကြီးများက   ငါးမြစ်ချင်း၊ ငါးခုံးမ သားပေါက်များကို ဝန်ကြီးဌာန လျှိုပိတ်ဆည်အတွင်းသို့ ဦးစွာငါးမျိုးစိုက်ထည့်ပေးခဲ့ကြပြီးအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများကငါးလုပ်ငန်းဦးစီးဌာနက ထောက်ပံ့သည့်ငါးမြစ်ချင်း၊ ငါးခုံးမ သားပေါက်ကောင်ရေ  ၁၀၀၀ ကို ဝန်ကြီးဌာန လျှိုပိတ်ဆည်အတွင်းသို့  ဆက်လက်၍ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။   

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR