လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) တို့ပူးပေါင်း၍ အာဆီယံဒေသတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေး ကွန်ရက်တည်ထောင်ခြင်း ဆိုင်ရာ အမျိုးသားအဆင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ Hybrid ပုံစံဖြင့် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အမျိုးသားအဆင့်ညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာတွင် အာဆီယံဒေသအနေနဲ့ ယခင်အချိန်ကာလတွင် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများကြောင့် မြေမြှုပ်မိုင်းအပါအဝင် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများနှင့် မိုင်းအန္တရာယ် ထိခိုက်နိုင်ခြေမြင့်မားကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မိုင်းအန္တရာယ် ကင်းရှင်းစေရေး သည် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းစဉ် (၅) ရပ်အနက် မိုင်းရှင်းလင်းခြင်းနှင့် စုဆောင်းထားသော လက်နက်ပစ္စည်းများအား စုပုံဖျက်ဆီးခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းရဲ့ စတုတ္တအချက်အရ စစ်ဆင်ရေးနယ်မြေများတွင် မိုင်းထိသောအရပ်သားလူနာတို့ကို ဆေးတပ်ဖွဲ့ဝင်များက မိမိတို့ စစ်သည်များနှင့်မခြား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါကြောင်း၊ တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ (ကုတင် ၃၀၀) တွင် လိုအပ်သော တိုင်းထွာမှုများ ပြုလုပ်ပြီး ခြေတု၊ လက်တုတို့ကို တပ်ဆင်ကုသပေးလျက်ရှိပါကြောင်း၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ တိုက်တွန်း နှိုးဆော်ပေးခြင်းနှင့် ထိခိုက်ခံစားခဲ့ရသူများအား အကူအညီအထောက်အပံ့ပေးခြင်းစတဲ့ ကဏ္ဍ (၃) ရပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့အထိ မိုင်းထိပြည်သူ တစ်ဦးလျှင် (၂) သိန်းနှုန်းဖြင့် (၆၉၂) ဦးအတွက် မိုင်းထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် (၁၃၈,၄၀၀,၀၀ဝိ/-) တိတိကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဟာ Anti-Personnel Mine Ban Convention (APMBC) အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်တို့ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention on the Rights of the Child-UN CRC နှင့် ဆက်စပ်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပေမယ့် မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်ဟာ အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Elimination of All Forms of Discrimination against Women - UNCEDAW), မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities - UNCRPD) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ASEAN Regional Mine Action Center (ARMAC) မှ Executive Director ဖြစ်သူ Mr. Prum Suonpraseth တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီးပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) မှ တာဝန်ရှိသူများ၊ မိုင်းကြောင့်ထိခိုက် ဒဏ်ရာရရှိသူတို့က လူကိုယ်တိုင် တက်ရောက်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးဒုတိယပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ဦးဆောင်၍ Panel Discussion အဖြစ်  မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများ အား ကူညီထောက်ပံ့ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အလေ့အထကောင်းများ၊ အခက်အခဲများနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် စီမံခန့်ခွဲခြင်း/ ကောက်ယူခြင်း၊ ဆေးပညာအရ အထူးပြုစုစောင့်ရှောက်ခြင်းနှင့် လက်ရှိစောင့်ရှောက်မှု၊ ရုပ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ လူမှု-စီးပွား ပေါင်းစည်း ဆောင်ရွက်ခြင်း/ ပညာရေး၊ ဥပဒေနှင့် မူဝါဒများ ခေါင်းစဉ်တို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ 

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် ARMAC အမှုဆောင်ညွှန်ကြားရေးမှူးတို့က ညှိနှိုင်းအစည်းအဝေးအနှစ်ချုပ်နှင့် ရှေ့လုပ်ငန်းစဉ် တို့ကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။ 


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR