လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသောပဉ္စမအကြိမ်မြောက်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး(5th ASEAN Ministerial Meeting on Women- AMMW)ကိုhybrid စနစ်ဖြင့် (၂၉.၁၁.၂၀၂၄)ရက်နေ့၊မြန်မာစံတော်ချိန်နံနက်(၀၉:၀၀)နာရီတွင်နေပြည်တော်ရှိ M.Gallery ဟိုတယ်၌ ကျင်းပခဲ့ရာအစည်းအဝေး အလှည့်ကျဥက္ကဋ္ဌဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးစံလွင်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် အစည်းအဝေးသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များက in person ဖြင့် တက်ရောက်ခဲ့ကြပြီး အာဆီယံနိုင်ငံများမှ အမျိုးသမီးရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအမျိုးသမီးကော်မတီ (ACW)အဖွဲ့ဝင်များက online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Women)များကိုအာဆီယံဒေသတွင်းကျား၊မတန်းတူညီမျှရေးနှင့်အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများအားကောင်းလာစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်၂၀၄၅သည်မိမိတို့၏ဒေသကိုငြိမ်းချမ်းပြီးအားလုံးပါဝင်နိုင်သော၊ရေရှည်တည်တံ့ခိုင်မြဲသည့်ဒေသတစ်ခုဖြစ်စေရန်အတွက်ကျား၊မတန်းတူညီမျှရေးကိုမျှော်မှန်းချက်များ၏အခြေခံအဖြစ်ထားရှိထားပါကြောင်း၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသော ယခုအစည်းအဝေး၏ခေါင်းစဉ်ဖြစ်သည့် "Towards an Inclusive Society through Gender Mainstreaming and Women Empowerment" သည်ကျား၊မခွဲခြားမှုမရှိဘဲလူတိုင်းတန်းတူညီမျှသောအခွင့်အလမ်းများနှင့်အရင်းအမြစ်များကိုလက်လှမ်းမီနိုင်သောအားလုံးပါဝင်နိုင်သည့်လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ဖန်တီးရန်အတွက်အလေးပေးဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံတွင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း(NSPAW) သည်အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်ကျား၊ မတန်းတူညီမျှမှုမြှင့်တင်ရေးတို့အတွက်အရေးပါသောကတိကဝတ်တစ်ခုကိုကိုယ်စားပြုပါကြောင်း၊၎င်းသည်အမျိုးသမီးများရင်ဆိုင်နေရသောမညီမျှမှုများကိုဖြေရှင်းပေးပြီးအမျိုးသမီးများ၏လိုအပ်ချက်များနှင့်အခွင့်အရေးများကိုထောက်ပံ့ပေးသည့်ပိုမိုမျှတသောပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးရန်ရည်ရွယ်ပါကြောင်း၊ ပဉ္စမအကြိမ်မြောက်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး(ASEAN Ministerial Meeting on Women)၏ပူးတွဲကြေညာချက်သည် သက်ဆိုင်ရာအာဆီယံနိုင်ငံများတွင် ကျား၊မရေးရာကိစ္စရပ်များကို ဖြေရှင်းရာ၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ကတိကဝတ်များအတွက် အရေးပါသော မူဘောင်တစ်ခုအဖြစ် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏အခွင့်အရေးနှင့်သာယာဝပြောမှုကိုမြှင့်တင်ရာတွင်ဒေသအတွင်းရှိနိုင်ငံအားလုံး၏အားထုတ်ကြိုးပမ်းမှုအပေါ်ကျေးဇူးတင်ရှိပါကြောင်းနှင့်ယနေ့အစည်းအဝေး၏ဆွေးနွေးချက်များသည်အာဆီယံတစ်ဝှမ်းရှိအမျိုးသမီးနှင့်မိန်းကလေးငယ်များအတွက်အကျိုးရှိသောရလဒ်များဖြစ်ထွန်းစေမည်ဟုမိမိအနေဖြင့်ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ကိုယ်စား အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးစံလွင်နှင့် စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး ဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် အင်ဒိုနီးရှားနိုင်ငံမှ AMMW Minister ကိုယ်စား Senior Advisor to Minister တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သဘာပတိအဖြစ်ဆောင်ရွက်ရသည့် အာဆီယံအမျိုးသမီးကော်မတီ (ASEAN Committee on Women - Myanmar) ဥက္ကဋ္ဌဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက အာဆီယံအမျိုးသမီးကော်မတီသဘာပတိ၏ အစီရင်ခံစာကို ပဉ္စမအကြိမ်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအစည်းအဝေးသို့ တင်ပြခဲ့ပါသည်။

၎င်းနောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက နိုင်ငံအလိုက် ကျား၊မ ရေးရာထည့်သွင်းစဉ်းစားခြင်းနှင့် အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် အားလုံးအကျုံးဝင်သည့် လူ့အဖွဲ့အစည်းဆီသို့ဆောင်ပုဒ် နှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အတွေ့အကြုံများနှင့်  ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းခဲ့ကြပါသည်။

ထို့နောက် အစည်းအဝေးအစီအစဉ်များကိုဆက်လက်ကျင်းပခဲ့ရာ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး(ASEAN Ministerial Meeting on Women)ကိုအလှည့်ကျနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ၂၀၂၇ ခုနှစ်၊ အောက်တိုဘာလ၌ ကျင်းပမည်ဖြစ်ကြောင်းသဘောတူခဲ့ကြပါသည်။

၎င်းနောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး(ASEAN Ministerial Meeting on Women)  သဘာပတိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR