လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၈.၂၀၂၁)ရက်နေ့တွင် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် မြေစိုက်လူနေအိမ် (၁)လုံး ပြိုကျပျက်စီးခဲ့ပြီး အဆိုပါ လေဘေးသင့် ပြိုကျပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၅)ဦးအတွက် () ရက်စာဆန်ရိက္ခာဘိုးငွေ (၁၀,၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀ိ/-)ကျပ်နှင့် ပြိုကျ ပျက်စီး​လေဘေးသင့် အိမ်ထောင်စု (၁)စုစာအတွက် (၄၆၀၃၆/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)ပုံး တို့အား (၄.၈.၂၀၂၁)ရက်နေ့ (၁၂း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါသည်

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR