လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ​ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု (အ.မ.က) သဲကုန်း ကျောင်းနှင့် ဆိပ်သာကျေးရွာအုပ်စု (အ.မ.က) ဆိပ်သာ​ကျောင်းတို့၌ ထားရှိမည့် (၂၄၀၀) ဂါလန်ဆံ့ ဖိုက်ဘာ​ရေတိုင်ကီများ၏ ​အောက်ခံ(ခုံတုံး)ပြုလုပ်မည့် ကုန်ကျစရိတ် (၁,၅၂၀,၀၀ဝ/-)ကျပ်တိတိအား (၂၆-၇-၂၀၂၂)ရက်​နေ့တွင် ​ကျောင်းကုန်းမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး၌ မြို့နယ်လုပ်ငန်းကြီးကြပ်မှု​ကော်မတီမှ သက်ဆိုင်ရာ ​ကျေးရွာလုပ်ငန်း​ကော်မတီ တာ၀န်ရှိသူများထံသို့ လွှဲ​ပြောင်း​ထောက်ပံ့​ပေးအပ်ခဲ့ပြီး အဆိုပါ စာသင်​ကျောင်း(၂)​ကျောင်းအတွက် လက်သန့်​ဆေးရည်ဘူးများ ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR