(၂၅.၇.၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၌ ကျင်းပခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေပါ ကြောင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံ တကာနှင့်ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများနှင့် နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအဖုံဖုံ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးစခန်းများဖွင့်လှစ်ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပြန် လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ပေးခြင်းသည် ဆေးကုသမှုခံယူပြီးသူများအား ပြန်လည် ထူထောင်ရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်မှု ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေး၍ အိမ်တိုင်ရာရောက် နောက်ဆက်တွဲစောင့်ရှောက်မှုပေးရန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှု ခံယူပြီးသူများအား အနည်းဆုံး (၁)နှစ်ကာလအထိ နောက်ဆက်တွဲစောင့်ရှောက်မှုပေးရမည် ဖြစ်သည့်အတွက် ခေတ်ကာလနှင့်အညီ နောက်ဆက်တွဲစောင့်ရှောက်မှု မွမ်းမံသင်တန်းများ ဖွင့်လှစ်ပြီး စခန်းအခြေပြုမှတဆင့် ရပ်ရွာအခြေပြုစနစ်သို့ ကူးပြောင်းဆောင်ရွက်လျှက်ရှိရာ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ မွေးထုတ်၍ ပြန်လည်ထူထောင်မှုနည်းစနစ်များအား သင်ကြားပေးလျှက်ရှိပါကြောင်း၊ လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာမြှင့်တင်ဆောင်ရွက် သွားကြရန်နှင့် မူးယစ်ကင်းစင်ရေးအတွက် အတူလက်တွဲပူးပေါင်း ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ စခန်းတာဝန်ခံ ဒေါ်ဝါဝါကြွယ်၊ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းအား (၂၅.၇.၂၀၂၂)ရက်နေ့မှ (၂၉.၇.၂၀၂၂) ရက်နေ့အထိ (၅)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ အမှတ် (၂) မြို့မရဲစခန်း၊ စခန်းမှူး၊ မြို့နယ်ဥပဒေအရာရှိများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်များ၊ မြို့နယ်အားကစားမှူးများ၊ မြန်မာနိုင်ငံစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း (ဗဟို)၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)၊ ဥက္ကဋ္ဌ၊ လူငယ်သင်တန်းကျောင်း (မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)မှဝန်ထမ်းများ၊ ယာယီလက်ခံစောင့်ရှောက်ဂေဟာမှဝန်ထမ်းများ၊နည်းပြများ၊အောင်မြေ သာစံမြို့နယ်၊လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းသား (၂၀)ဦး၊ စုစုပေါင်း (၄၅)ဦးခန့်  တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၀:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR