သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေမြင့်မားသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဘေးဒဏ်ခံအဆောက်အဦ Shelter များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်ဆဲ Shelter များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းဆောင်ရွက်ဆဲ Shelter များသည် လက်ရှိအခြေအနေအရ ကိုဗစ်ကာလဖြစ်ခြင်း၊ ဘဏ်ငွေထုတ်ယူမှု အခက်အခဲများရှိခြင်း၊ ဆောက်လုပ်ရေးပစ္စည်း ဈေးနှုန်းများကြီးမြင့်ခြင်း၊ လုပ်သားရှားပါးခြင်းနှင့် မြေပြင်လုံခြုံရေး အခြေအနေ စသည်တို့ကြောင့် လုပ်ငန်းများရပ်နားလျက်ရှိသည့်အပေါ် ပြီးစီးနိုင်သည့် အခြေအနေ ရှိသော Shelter များ၊ ပြီးစီးနိုင်ခြေနည်းသော Shelter များ စသည်ဖြင့် သီးခြားခွဲထုတ်ပြီးနောက် ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်းများကို အကြံပြုချက်နှင့်တကွ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌထံသို့ တင်ပြလမ်းညွှန်မှုခံယူနိုင်ရေး ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ပေးလျက် ရှိသည့် Shelter စုစုပေါင်း (၁၄၆) လုံး ရှိသည့်အနက် ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် သည့်(၈၇)လုံးတွင် ကုမ္ပဏီများက လုပ်ငန်းပြန်လည်အပ်နှံသည့် ဧရာဝတီတိုင်းဒေသကြီးမှ ၃လုံး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်တို့မှ ၁လုံးစီ စုစုပေါင်း Shelter (၅) လုံးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ငွေစာရင်းများသို့ လွှဲပြောင်းပေးပို့ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့များကို တာဝန်ယူဆောင်ရွက်စေခဲ့သဖြင့် ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခြင်း (၈၂)လုံး၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များက တာဝန်ယူဆောင်ရွက်ခြင်း (၆၄)လုံး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုမှတာဝန်ယူ ဆောင်ရွက်ခြင်း (၈၂) လုံးအနက် (၆၅) လုံး ဆောက်လုပ်ပြီးစီးခဲ့ပြီး (၁၇) လုံးမှာ ဆောင်ရွက်ဆဲ အခြေအနေဖြစ်၍ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက တာဝန်ယူဆောင်ရွက်ခြင်း (၆၄) လုံး အနက် (၅၇) လုံး ဆောက်လုပ်ပြီးစီးခဲ့ပြီး (၇) လုံးမှာ ဆောင်ရွက်ဆဲအခြေအနေ ဖြစ်ပါကြောင်း၊ ရာခိုင်နှုန်းအလိုက် ပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူက ရှင်းလင်းတင်ပြခဲ့မှုအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR