လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၉-၉-၂၀၂၁)ရက်နေ့တွင် ဟိုပန်မြို့ရှိ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ ကောင်းကော်ကျေးရွာနှင့် ဟိုပင်ကျိုင်းကျေးရွာတို့တွင် Covid – 19 ရောဂါ တတိယလှိုင်းကူးစက်ပျံ့နှံ့မှုပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့ စက်ဖြင့် နှိုးဆော်ခြင်း၊ Covid – 19 ရောဂါအသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကိုဆောင်ရွက်ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR