လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း (၂၄--၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်လျက်ရှိသော ရွှေချီရပ်ကွက်၊ နံတော်စဉ်ရပ်တွင် လူဦးရေ (၅၀)ဦး၊ စဉ်အိုးဘိုရပ်တွင် လူဦးရေ(၁၂၀)ဦး၊ ကင်ပွန်းတန်းအုပ်စု၊ တပ်ပိုး(..က)တွင် လူဦးရေ (၁၀၇)ဦး၊ ကူးတို့ဆိပ်အုပ်စု၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းနှင့် ဇလုပ်ဘုန်းတော်ကြီးကျောင်းတို့တွင် လူဦးရေ(၁၆၀)ဦး၊ စုစုပေါင်းဘေးသင့်လူဦးရေ (၄၃၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၁၇,၇၀ဝိ/-) သေဆုံးသူ()ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (,၂၁၇,၇၀၀/-)တို့အား နေပြည်တော်ကောင်စီဝင်များနှင့်အတူ  (၂၇ --၂၀၂၄)ရက်နေ့၊ (၁၄:၀၀) အချိန်တွင်  ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR