လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနက အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမဟာဗျူဟာစီမံချက် ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို (၂၉. ၁၀. ၂၀၂၁) ရက်နေ့ သောကြာနေ့ နံနက် ၁၀:၀၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။



အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လူငယ်များကြားတွင် မူးယစ်ဆေးဝါးရလွယ်ပြီး သုံးစွဲမှုများပြားပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် လူမှုအဖွဲ့အစည်း၏ပြဿနာ ဖြစ်ပါကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် ရှင်းလင်း တင်ပြခြင်းဖြင့် စုပေါင်းလေ့လာ(Collective Learning)  ကာ အလယ်အလတ်အရာရှိများ ကို Techinical ပိုင်း၊ ဘာသာရပ်ပိုင်း ကျွမ်းကျင်စေမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု ကြိုတင်ကာကွယ်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောပွဲများကို စီမံချက်ရေးဆွဲ၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးသင်တန်းသားများကို စနစ် တကျအချက်အလက်ကောက်ခံ၍ Data ရေးသွင်းပြီးလေ့လာဆန်းစစ်၍ Statistic Report ထွက်လာအောင် ဆောင်ရွက်သွားဖို့လိုကြောင်း၊ ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေး စခန်းများ ပြန်လည်ထူထောင်ရေးဦးစီးဌာနသို့ လွှဲအပ်လာပါက လက်ခံဖွင့်လှစ်နိုင်ရေး မူဝါဒရေးဆွဲထားရမှာဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။



ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးက မူးယစ်ဆေးဝါးအသိပညာကို ရှေးဦးအရွယ်ကလေးသူငယ် မှစ၍ ပညာပေးရမှာဖြစ်ကြောင်း၊ Parental Education, Environmental Education, Community Education ပေးရမှာဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ တွင် လူမှုရေးစိတ်ပညာ၊ Counselling နားလည်တတ်ကျွမ်းရမှာ ဖြစ်ကြောင်း၊ မူးယစ်ဆေးစွဲသမားများကို Victim များအဖြစ်သတ်မှတ်၍ Action ရော Care ရော ပေးရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။



ဆက်လက်၍   ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမဟာဗျူဟာစီမံချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။


အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR