ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအဆင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့်

ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဝင်များ၊ ခရိုင်လူမှုဝန်ထမ်းရုံးများမှ ခရိုင်ဦးစီးမှူးများတက်ရောက်ခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဌကိုယ်စား လုပ်ငန်း

ကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်ပတ်သက်၍

ဒုတိယညွှန်ကြားရေးမှူးမှရှင်းလင်းဆွေးနွေးတင်ပြခဲ့ခြင်း၊ တောင်ပိုင်းခရိုင်ဦးစီးမှူးမှ အသိပညာပေးဆောင်ရွက်ခဲ့မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ကော်မတီဝင်များမှ အသိပညာပေးလုပ်ငန်းများ

တွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအားဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။


နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR