လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၄) ရက်နေ့(၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးတို့အား ဦးစီးဌာနမှ   လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှု၊ တောမီးအန္တရာယ်နှင့် ပလတ်စတစ်ညစ်ညမ်းမှုတို့နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး  နံရံကပ်ပိုစတာနှင့် လလ်လမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း  သိရှိရပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR