လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအသင်းများ၏ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးရုံအတွင်းလေ့ကျင့်နေမှုကိုသွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည်ဝန်ကြီးဌာနကိုယ်စားပြုပိုက်ကျော်ခြင်းအသင်း၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အသင်း၊ ဖူဆယ်အသင်းနှင့် ဘောလုံးအသင်းတို့၏ လေ့ကျင့်နေမှုကိုကြည့်ရှုအားပေးရာအသင်းအုပ်ချုပ်သူနှင့်နည်းပြများကပြိုင်ပွဲဝင်အားကစားသမားများစုဖွဲ့လေ့ကျင့်နေမှုအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် ပြိုင်ပွဲယှဉ်ပြိုင်မည့်အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအားပေးစကားပြောကြားရာတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ဝန်ကြီးဌာနကိုယ်စားပြုယှဉ်ပြိုင်ကြမည့်အားကစားသမားများအနေဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားအားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ကြရန်၊ ကျန်းမာရေးကောင်းမွန်မှုရှိစေရေးစနစ်တကျနေထိုင်စားသောက်ရန်၊ယခင်နှစ်ကရရှိထားပြီးသည့်အောင်မြင်မှုအားဆက်လက်ထိန်းထားနိုင်ရေးကြိုးစားဆောင်ရွက်ကြရန်၊ဝန်ကြီးဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေးအကောင်းဆုံးကြိုးစားဆောင်ရွက်သွားကြရန်မှာကြားပြီးအားကစားသမားများအတွက်အင်အားဖြည့် အစားအစာဖိုးချီးမြှင့်ငွေပေးအပ်ခဲ့ပါသည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ပြေးခုန်ပစ်အားကစားနည်း(၅)မျိုးကိုအုပ်ချုပ်သူ၊နည်းပြ၊အားကစားသမားစုစုပေါင်း(၉၉)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR