လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ခွန်တောင်းငယ်ကျေးရွာ၊ ရှားတောကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့တွင် (၁၁-၄-၂၀၂၂) ရက်နေ့ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၅၂)လုံး၊ အိမ်ထောင်စု(၅၂)စု၊ လူဦးရေ(၂၃၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၉၅,၆၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၁၅,၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၁၀,၆၀ဝ)ကျပ်အား (၂၈-၄-၂၀၂၂) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR