လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၂-၂၀၂၂)ရက်နေ့၊(၁၉း၀၀)နာရီအချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာတွင် တောဆင် ရိုင်းဝင်ရောက်မှုကြောင့် အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၆,၃၀ဝ/-)ကျပ်တို့အား (၂၈-၂-၂၀၂၂) ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR